ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၁၃၀ဝ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း မလေးရှားနိုင်ငံမှ တန်ချိန် ၅၀ဝခန့်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက နို့ဆီတန်ချိန် ၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၈၂ သန်း တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့်တန်ချိန် ၄၅၀ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ဝ၁၁ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၆၀ဝ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း သြစတေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၃၅၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)
Background