Main menu

Background

လာမည့်ဘဏ္ဍာနှစ်အတွင်း ထောပတ်ပဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၂၅ ဒသမ ၈၁ သန်းရရှိရန် မျှော်မှန်း

Fri, 03/03/2023 - 11:53 -- journal_editor

လာမည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့   ထောပတ်ပဲ  တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၈၁ သန်းရရှိရန်  မျှော်မှန်းထား ကြောင်း   စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း   ဈေးကောင်း ရရှိနေသည့် ထောပတ်ပဲကို   လာမည့်ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ တန်ချိန် ၂၉၀ဝ၀ ခန့်အထိ တင် ပို့သွားမည်ဖြစ်ပြီး    တစ်တန်လျှင်   အမေရိကန် ဒေါ်လာ ၈၉၀ ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၁ သန်းဖိုးရရှိရန်  မျှော်မှန်းထားခြင်း ဖြစ်သည်။
ယင်းသို့ လာမည့် ဘဏ္ဍာနှစ်အတွင်း ထော ပတ်ပဲ    တင်ပို့ရောင်းချရာတွင်  ဧပြီမှ ဇွန်လအထိ ထောပတ်ပဲ တန်ချိန် ၇၂၅၀ ၊   ဇူလိုင်မှ စက်တင် ဘာလအထိ ထောပတ်ပဲ တန်ချိန် ၇၂၅၀ ၊ အောက် တိုဘာမှ ဒီဇင်ဘာလအထိ ထောပတ်ပဲ တန်ချိန် ၇၂၅၀၊ ဇန်နဝါရီမှ   မတ်လအထိ   ထောပတ်ပဲ တန်ချိန် ၇၂၅၀ စသည်ဖြင့် စုစုပေါင်း ထောပတ်ပဲ တန်ချိန် ၂၉၀ဝ၀ ကို   တင်ပို့ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။ 
အဆိုပါ ထောပတ်ပဲများကို   ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း     ပြည်ပဖောက်သည် ဈေးကွက်သို့  တင်ပို့ရောင်းချရာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ  ၁၀ ရက် အတွင်း  ပင်လယ်ရေကြောင်း  ကုန်သွယ်‌ရေးမှ ကန်ဒေါ်လာ ၁၈ ဒသမ ဝ၈၅ သန်း၊ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှ  ကန်ဒေါ်လာ ၃ ဒသမ ၁၀၅ သန်း စသည်ဖြင့် စုစုပေါင်း ကန်ဒေါ်လာ၂၁ ဒသမ ၁၉ သန်းဖိုး   တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ပြည်တွင်း၌လည်း  ထောပတ်ပဲဈေး သည် ဈေးကွက်စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀ဝ၀ဝခန့်သာပေါက်ဈေးရှိခဲ့သော်လည်း အဆိုပါ နှစ်အတွင်းမှာပင် ငွေကျပ် ၁၂၅၀ဝ၀ မှ ၁၆၂၅၀ဝ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး လက်ရှိ  ၂၀၂၃ ခုနှစ် တွင်တော့ သုံးတင်းဝင်  တစ်အိတ်လျှင်   ငွေကျပ် ၂၁၅၀ဝ၀ ကျပ်မှ ၂၃၀ဝ၀ဝ ကျပ်အထိ ဈေးရရှိလာ ခြင်းဖြစ်ကြောင်း သိရသည်။
ထောပတ်ပဲကို      မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၌ အဓိက စိုက်ပျိုးပြီး မကွေးတိုင်းဒေသ ကြီးတွင် မင်းဘူး၊ ဆင်ဖြူကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီးတွင်   မလှိုင်၊ တောင်သာ၊ နွားထိုးကြီးဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် ဂန့်ဂေါ၊  ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော် ချိုင့်ဝှမ်းဒေသများတွင် အများဆုံး စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ပန်းဆု