Main menu

Background

စားတော်ပဲ (ကနေဒါ) ဈေးကွက် မုံရွာမှာ အရောင်းအဝယ်သွက်

Mon, 11/15/2010 - 05:31 -- Anonymous (not verified)

စားတော်ပဲ (ကနေဒါ) ဈေးကွက် မုံရွာမှာ အရောင်းအဝယ်သွက်           မုံရွာကုန်စည်ဒိုင် စားတော်ပဲဈေးကွက်မှာ ပစ္စည်းဟောင်းလက်ကျန်နည်းလို့ နေ့စဉ်ပေါက်ဈေးမဖွင့်နိုင်ခဲ့ဘဲ နယ်အဝင်ရှိတဲ့နေ့မှာသာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာလထဲမှာ ဒေသစားတော်ပဲ တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ဈေးငြိမ်နေပြီး စားတော်ပဲ (ကနေဒါ) ကတော့ တစ်တင်း ၂၁၅ဝဝ ကျပ်နဲ့ ပစ္စည်းဝင် သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲဈေးတစ်တင်း ၂၅ဝဝဝ ကျပ် ဝန်းကျင်မှာရှိပြီး၊ စားတော်ပဲ (ကနေဒါ) မှာ ၂၁၅ဝဝ ကျပ်သာရှိတဲ့အတွက် ကြာဇံစက်နဲ့ ခွဲစက်သမားတွေက ဈေးသက်သာတဲ့စားတော်ပဲ (ကနေဒါ) ကို အစားထိုးအသုံးပြုဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ကုလားပဲတစ်တင်းကို  အခြမ်းခွဲတဲ့အခါ ပဲခြမ်း ၁၉ ပိဿာခန့်သာရပေမဲ့ စားတော်ပဲ (ကနေဒါ) ကို အခြမ်းခွဲရင် ပိဿာ ၂ဝ ခန့်ထွက်လို့ ကုန်ချောတစ်ပိဿာပိုရတာကြောင့် ကြာဇံနဲ့ ခွဲစက်သမားတွေ တွက်ခြေကိုက်တဲ့အတွက် အခုလိုအဝယ်လိုက်ခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။                                                                                                                                ထွန်းလှိုင်