အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ ဧပြီ ၂၆ ရက်မှ မေ ၂ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက် ရောင်းချနေ ကြောင်း သိရှိရပါသည်။
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၂၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ အတွင်း၊ ပန်း ဂေါ်ဖီ (ထုပ်) ကျပ် ၆၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၈၀ဝ မှ ၁၃၀ဝအတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀ဝ မှ ၃၅၀ဝအတွင်း၊ ဘူးသီး(လုံး) ကျပ် ၇၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ် ၁၂၅၀ မှ ၁၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၃၅၀ဝ မှ ၄၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၅၀ဝ၀ မှ ၅၂၀ဝ အတွင်း၊ ချင်း (ပိဿာ) ကျပ် ၃၀ဝ၀ မှ ၃၇၀ဝ အတွင်း၊ ဆလတ်ရွက် (စည်း) ကျပ် ၁၅၀ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက် (စည်း) ကျပ် ၆၀ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်းဖြစ် သည်။
ထို့ပြင် သံပရာသီး(လုံး)ကျပ် ၅၀ မှ ၃၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၄၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝ မှ ၈၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။ တညင်းကုန်းလက် ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာ သီး အလုံးပေါင်း ၁၅၇၉၅၀ ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၄၀၂၂၀ ကျော်၊ ဘူးသီး အလုံးပေါင်း ၃၇၅၀ ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း ၄၇၁၀ ကျော်၊ ဂေါ်ဖီထုပ်ပေါင်း ၂၅၄၀ဝ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၁၇၄၀ဝ ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း ၉၈၀၅ ကျော်၊ ဖရဲသီးလုံးပေါင်း ၁၆၆၀ဝ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)