Hedge-fund ဆိုသည့် ဝေါဟာရအတွက် အများကလက်ခံ ထားသည့် တိကျသည့်အဓိပ္ပာယ် မရှိသေးပါ။ အနီးစပ်ဆုံး ဘာသာပြန်ရလျှင် ပိုင်ဆိုင်ထားသည့် ငွေကြေး၊ ပစ္စည်းများ၏တန်ဖိုးတိုးပွားလာရေး၊ ဈေးနှုန်း မကျဆင်းစေရေးအတွက် အကာ အကွယ်၊ အထောက်အခံပြုလုပ်ပေးသည့် ငွေကြေးဝန်ဆောင် အဖွဲ့များဟု ဆိုရပေမည် ။
သို့ရာတွင် ဈေးကွက်အတွင်း ကျင်လည်နေသူအများစုကHedge-fund အမည်တွင်သည့်လုပ်ငန်းတွင် အောက်ဖော်ပြပါ အချက်များရှိသည်ဟုဆိုသည် ။
(က) ရင်းနှီးမြှုပ်နှံမှုကို လွတ်လွတ်လပ်လပ် ပြုလွယ် ပြောင်းလွယ် လုပ်နိုင်သည့်အပြင် လက်ဝယ်ရှိ စတော့များကို ရောင်းသယ်ခြင်း (long-position)) နှင့် စတော့များ ချေးငှားရောင်းဝယ်ခြင်း(short-position) တို့ကို ဆောင်ရွက်နိုင်ခြင်း။
(ခ) ငွေချေးငှားနိုင်သည့် အရည်အချင်းရှိကာ နောက် ပိုင်းတွင် မြင့်မားသည့် ပြန်ရနှုန်းများ ရရှိစေရန် ဆောင်ရွက်နိုင်ခြင်း။
(ဂ) စည်းမျဉ်းထိန်းကျောင်းမှု အနည်းငယ်သာရှိခြင်း
(ဃ) ရင်းနှီးမြှုပ်နှံသူ ထည့်ဝင်ထားသည့်ငွေကို ကာလတို အတွင်း ပြန်ထုတ်၍မရသည့် ထိန်းချုပ်စနစ် (lock-up) ဆောင်ရွက်ထားခြင်း
(င) ရင်းနှီးမြှုပ်နှံသူများသည် အထူးသဖြင့် ငွေကြေး ကြွယ်ဝသည့်အဖွဲ့များ (ဥပမာ- တက္ကသိုလ်ရန်ပုံငွေ အဖွဲ့များ၊ ပင်စင်ရန်ပုံငွေ အဖွဲ့များ၊ အခြားအရည် အချင်း ပြည့်မီသည့် အဖွဲ့အစည်းများ) ဖြစ်ခြင်း
(စ) ရန်ပုံငွေထိန်းကျောင်းပေးသည့်အတွက် ဝန်ဆောင် ခများ ရရှိခြင်း စသည်တို့ဖြစ်သည်။
သမားရိုးကျ hedge-fund တစ်ခု၏ ဝင်ငွေများမှာ ရန်ပုံ ငွေကို စီမံခန့်ခွဲရသည့် စရိတ်နှင့် စွမ်းဆောင်ရည် အပေါ်မူတည် ၍ပေးရသည့် စရိတ်ဟူ၍ နှစ်မျိုးရှိသည်။ သို့ရာတွင် သာမန်အဖွဲ့ တစ်ခုတွင်မူ စွမ်းဆောင်ရည်အပေါ်ပေးသည့် ဝင်ငွေမရှိဘဲ စီမံခန့်ခွဲမှုစရိတ် အနည်းငယ်သာရှိသည်။ အဖွဲ့၏ စီမံခန့်ခွဲမှု စရိတ်မှာ အပ်နှံသည့် ရန်ပုံငွေ၏ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး (Net-Asset-Value, NAV)၏ ၂% နှင့် စွမ်းဆောင်ရည် အဖိုးအခ အဖြစ် တိုးပွားလာသည့်ပမာဏအပေါ်တွင် ၂၀% ယူလေ့ရှိသည်။ ယင်းစရိတ်သည် သာမန်ငွေကြေးမန်နေဂျာများထက် ဈေးပိုများ သော်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့များယူသည့် ပမာဏအတိုင်းဖြစ်သည်။
ဤအဖွဲ့တို့သည် ထည့်ဝင်ထားသည့် ငွေကြေးများအပေါ် ပကတိပြန်ရနှုန်း ရရှိရန် မျှော်မှန်းကြပြီး ၎င်းတို့ဆောင်ရွက် သည့်ပုံစံမှာ ဈေးကွက်သီအိုရီများ၊ စီးပွားရေးအခြေခံများနှင့် လုံးဝ မသက်ဆိုင်ခြင်းဖြစ်သည်။ ထို့အတူ အကျိုးတူရန်ပုံငွေအဖွဲ့ (mutual fund)) များ၏ လုပ်ငန်းစဉ်များနှင့်လည်း လုံးဝမတူညီပါ။ ထို့ပြင် သမားရိုးကျ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် စတော့များ၊ ငွေချေးစာချုပ်များမှ ပြန်ရနှုန်းများနှင့်လည်း ဆက်နွှယ်မှု လုံးဝ မရှိခြင်းဖြစ်သည်။ ဤသို့ဆက်နွှယ်မှု မရှိခြင်းကပင် ရင်းနှီးမြှုပ်နှံ သူတို့အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အစုစု (portfolio)အတွက် ဆုံးရှုံးနိုင်ခြေကို လျှော့နိုင်သမျှ လျှော့ချနိုင်ကာ အမြင့်ဆုံးသော ပြန်ရနှုန်းကိုလည်း မျှော်မှန်းနိုင် သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုပုံစံကို ၁၉၄၉ ခုနှစ်တွင် Alfred W. Jones ဆိုသူက စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းကShort-sellingဟုခေါ်သည့် ကိုယ့်ထံတွင်မပိုင်သည့် ပစ္စည်းများ (ဥပမာ-စတော့ များ)ကို ချေးယူရောင်းချကာ အခြားအပိုင်ဝယ်ယူထားသည့် အခြေပစ္စည်းတစ်ခုကို အကာအကွယ်ပြုသည့် နည်းစနစ်ကို ကျင့် သုံးခြင်းဖြစ်သည်။ အကယ်၍ မိမိချေးယူထားသည့်ပစ္စည်း ဈေး ကျသွားပါက အဆိုပါပစ္စည်းကို အောက် ဈေးနှင့်ဝယ်၍ ပြန်ဆပ် လိုက်သည်။ နဂိုက ချေးယူကာရောင်းထားသည့်ဈေးထက် ပိုနည်း သဖြင့် အမြတ်ထွက်သည်။ ယင်းထွက်သည့်အမြတ်သည် အပိုင် ဝယ်ထားသည့်ပစ္စည်းဈေး ကျသွားခြင်းကို အကာအကွယ်ပြုခြင်း ဖြစ်သည်။ အကယ်၍ ချေးယူ၍ရောင်းထားသည့် ပစ္စည်းဈေး တက်လျှင်လည်း မိမိပိုင်ဆိုင်သည့် ပစ္စည်းဈေးလည်း လိုက်တက် သဖြင့် ထေမိသည့်သဘောဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တစ်ခုလုံးတွင် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ (risk) ကို ဖယ်ရှားပေးခြင်းဖြစ်သည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အတော်များများ သည် အထက်တွင် ဖော်ပြထားသည့်Hedging နည်းစနစ်များကို အသုံးပြုခြင်းမရှိသော်လည်း ပထမပိုဒ်တွင်ပါဝင်သည့် ထူးခြား ချက် (၆)ချက်ထဲမှ တစ်ခုခုနှင့်သက်ဆိုင်တိုင်း ံနါိန င်္ကညိ ဟု ခေါ်ဝေါ်ကြပေသည်။
၂၀၁၁ ခုနှစ်အတွင်း S&P 500 (နယူးယောက်စတော့ အိပ်ချိန်းတွင် အသုံးပြုသည့် စတော့အညွှန်းကိန်းတစ်ခု) ၏ တစ်လအတွင်း ဖြစ်ပေါ်ခဲ့သည် အညွှန်းကိန်းအပေါ်Hedge Fund များ၏ ရင်းနှီးမြှုပ်နှံမှုကို သုတေသနပြုတွက်ချက်ခဲ့ရာ ၎င်း တို့၏ ပြန်ရနှုန်းမှာ အညွှန်းကိန်း အတက်အကျနှင့် ဆက်စပ်မှုနှုန်း နည်းပါးကြောင်း တွေ့ရှိခဲ့သည်။ တွက်ချက်မှုများအရ ရင်းနှီးမြှုပ် နှံမှုတန်ဖိုးများ၏ အတက်အကျနှုန်းကို တိုင်းတာသည့် ဘီတာ ကိန်းရှင် (Beta) မှာ သုည ဒသမ ၈၄ သာရှိသဖြင့် ဆက်စပ်မှုနှုန်း နည်းပါးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ဖန် ၂၀ဝ၉ ခုနှစ်တွင် အလားတူ S&P500 နှင့် Hedge Fund များ၏ပြန်ရနှုန်း ဆက်စပ် မှုနှုန်းကို တိုင်းတာခဲ့ရာတွင်လည်း နြအေ မှာ သုည ဒသမ ၄၄ သာ ရှိသဖြင့် ဆက်စပ်မှုနှုန်း နည်းပါးကြောင်း တွေ့ရှိသည်။
အမေရိကန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ်ရေးကော်မရှင် SEC) အပါအဝင် နိုင်ငံအတော်များများတွင် အဆိုပါ Hedge Fund များကို မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြု ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအဖွဲ့များသည် ရှုပ်ထွေးနက်နဲသည့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ နှင့် ချမ်းသြွာကယ်ဝသည့် တစ်ခုချင်း ရင်းနှီးမြှုပ်နှံသူတို့အတွက် သာ လုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် လာရောက်အပ်နှံသည့် အရေအတွက်ကိုလည်း အကန့် အသတ်ဖြင့်သာ လက်ခံဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ခြားနားချက်တစ်ခုမှာ အကျိုးတူရန်ပုံငွေအဖွဲ့Mutual Fund) များမှာမူ SEC တွင် မှတ်ပုံတင်ပြီးမှ အများပြည်သူများသို့ ရင်းနှီးမြှုပ်နှံမှု အစုများကို ထုတ်ရောင်းခွင့်ရှိသည်။
သို့ရာတွင် အမေရိကန်ကုမ္ပဏီဥပဒေအရ Hedge Fund များကို အကြံဉာဏ်များပေးသည့် တစ်ဦးချင်း အကြံပေးများကို SEC တွင်တရားဝင်မှတ်ပုံတင်ရန် နှိုးဆော်ထားသည်။ သို့သော် လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း Dodd-FrankဥပဒေအရWall Street ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရာတွင်Hedge Fund များသည် SEC ၏ ကြီးကြပ်မှုကို ပြန်လည်ခံယူခဲ့ရသည်။
ကြွေးမြီရယူကာ အရှိန်မြှင့်တင်ခြင်း (Leverage)
Hedge fundများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစုစု (portfolio))၏ ပမာဏကြီးမားလာစေရေးအတွက် မကြာခဏ ဆိုသလို ငွေကြေးချေးငှားခြင်းနည်းဖြင့် Leverage ပြုလုပ်ကြ သည်။ ဥပမာ- ံHedge fund တစ်ခုသည် မိမိ၏ဖောက်သည်ထံမှ ရင်းနှီးမြှုပ်နှံပေးရန် ဒေါ်လာ သန်း ၁၀ဝ လက်ခံရရှိသည်ဆိုပါစို့။ ထိုအခါ အဖွဲ့သည် ဘဏ်မှချေးငွေ သန်း ၃၀ဝ ထပ်ချေးကာ ဒေါ်လာ သန်း ၄၀ဝ တန်ဖိုး ရှိစတော့များကိုဝယ်ယူ ရင်းနှီးလိုက် သည်။ ဤချေးငွေကိုMargin Loan ဟုခေါ်သည်။ အကယ်၍ စတော့ရင်းနှီးမြှုပ်နှံမှု သန်း ၄၀ဝ မှ ဈေးနှုန်း ၂၅ ရာခိုင်နှုန်း ကျဆင်းသွားပါက ရင်းနှီးမြှုပ်နှံသူ၏ ငွေသန်း ၁၀ဝ ရာနှုန်းပြည့် ဆုံးရှုံးသွားမည်ဖြစ်ပြီး အကယ်၍ စတော့ဈေးနှုန်း ၂၅ရာခိုင်နှုန်း တက်မည်ဆိုပါက မိမိထည့်ဝင်ငွေ သန်း ၁၀ဝ ၏ နှစ်ဆ မြတ်စွန်း မည်ဖြစ်သည်။ သို့ဖြစ်ရာHedge fund များ၏ ပြန်ရနှုန်း အတက်- အကျမှ ပြင်းထန်သည်။
Hedge-fund များသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ အစ ပြုကာ အရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်မှုများ ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ပေါင်း ၅၃၀ရှိကာ ငွေပမာဏ ၃၉ ဘီလီယံ ဒေါ်လာကို စီမံခန့်ခွဲပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မူ အဖွဲ့အရေ အတွက် ၇၂၀ဝ အထိရှိခဲ့ပြီး ဒေါ်လာ ၂ ထလီရီယံ တန်ဖိုးရှိငွေ ကြေးများကို စီမံခန့်ခွဲပေးလျက်ရှိပါသည်။ ယင်းသို့ Hedge-fund များအောင်မြင်ရခြင်းမှာ အောက်ဖော်ပြပါ အကြောင်းရင်းများ ကြောင့်ဖြစ်သည်။
(က) ခွဲခြမ်းစိတ်ဖြာရင်းနှီးမှု (Diversification)။ ။ ရင်းနှီးမြှုပ်နှံသူ များသည် မိမိတို့ငွေကြေးများကို နေရာအနှံ့ ခွဲခြမ်းစိတ်ဖြာ ရင်းနှီးသည့်အပြင် လိုအပ်လျှင် ချေးငွေကိုထိရောက်စွာ အသုံး ချခြင်း။Hedge-fund များသည် အဆိုပါငွေကြေးများကို တိုးပွား လာစေရန်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေရှိမှုများကို လျှော့ချ ပေးခြင်း။
(ခ) ပကတိပြန်ရနှုန်း (Absolute Return)။ ။ရင်းနှီးမြှုပ်နှံသူများ သည် ထည့်ဝင်ထားသည့် ငွေများအတွက် ပကတိ ပြန်ရနှုန်းကို ရယူရန်Hedge-fund များသို့အပ်နှံကြသည်။ သမားရိုးကျ ရန်ပုံ ငွေအဖွဲ့အများစုသည် ဈေးကွက်အတွင်း ပျမ်းမျှပြန်ရနှုန်းများကို ရရှိသော်လည်း တစ်ခါတစ်ရံ ချိတ်ဆက်ထားသည့် အညွှန်းကိန်း ကျဆင်းမှုကြောင့် ပြန်ရနှုန်း အနုတ်ကိန်း ဖြစ်နိုင်သော်လည်းHedge-fund များမှာ ပြန်ရရနှုန်း သုည ရာခိုင်နှုန်း အထက် ရရှိ ရန် စွမ်းဆောင်နိုင်ကြသည်။
(ဂ) အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာခြင်း (Increased Institutional Investing)။ ။ပညာရေးစနစ်များ ထွန်းကားလာမှုကြောင့် တက္ကသိုလ်များတွင် ရန်ပုံငွေများတိုးတက် များပြားလာကာ ယင်းတို့၏ ငွေများကိုhedge fund များ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအဖွဲ့များ၊ အိမ်ခြံမြေအဖွဲ့များ၊ ကုန်စည်ဈေးကွက် များတွင် ခွဲခြမ်းကာ ရင်းနှီးမြှုပ်နှံကြသည်။ ထို့အတူ ပင်စင် ရန်ပုံငွေအဖွဲ့များ၊ ရေနံရောင်းချငွေ ထိန်းသိမ်းသည့် အဖွဲ့ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာခြင်းကြောင့် hedge fund များ အလုပ်ဖြစ်လာကြသည်။
(ဃ) ကောင်းမွန်သည့်ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ရှိခြင်း (Favorable Market Environment)။ ။ အတိုးနှုန်းများ လျော့ကျခြင်း၊ ချေး ငွေများ လွယ်ကူစွာရရှိနိုင်ခြင်း၊ ချေးငွေသက်တမ်းများ ပျော့ ပျောင်းမှုရှိခြင်း၊ ခိုင်မာသည့် စတော့ဈေးကွက်ရှိနေခြင်း၊ အခွန် နှင့် ဥပဒေပြဋ္ဌာန်းချက်များ ဖြေလျှော့ပေးခြင်းများကြောင့် ကောင်းမွန်သည့် ဈေးကွက်တစ်ခုဖြစ်လာစေသည်။
(င) လူသားအရင်းအမြစ် တိုးတက်လာမှု Human capital growth) ။ ။ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ အတော်များများသည် ယခုအခါ hedge-fund လုပ်ငန်းများသို့ တစ်စထက်တစ်စ ပြောင်းရွှေ့လုပ်ကိုင်လာကြသည်။ အဘယ် ကြောင့်ဆိုသော် ယင်းအဖွဲ့များ ရရှိသည့် လုပ်ခဝင်ငွေမှာ မြင့်မား ပြီး ပိုမို၍ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ၂၀ဝ၆ ခုနှစ်အတွင်းတွင် ့hedge-fund မန်နေဂျာ ၂၆ ဦး၏ လုပ်ခလစာ ဒေါ်လာ သန်း ၁၃၀ ရရှိခဲ့ကြောင်းတွေ့ရှိရသည်။ ဆက်လက်၍ နှစ်အလိုက် ဆိုသလို မန်နေဂျာများ၏ ဝင်ငွေလုပ်ခ များ မြင့်တက်လာခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် မန်နေဂျာများ၏ အဆိုးဆုံး နှစ်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း မန်နေဂျာ ၄၀ ဦး၏ လုပ်ခစုစုပေါင်းမှာ ၁၃ ဒသမ ၂ ဘီလီယံသာ ရရှိ ခဲ့ကြောင်း တွေ့ရှိရသည်။
(စ) ဘဏ္ဍာရေး တီထွင်မှုများ (Financial Innovation)။ ။ ့hedge-fundများသည် လွန်စွာရှုပ်ထွေးနက်နဲသည့် ဘဏ္ဍာရေးပရော ဒတ်များ၊ နည်းပညာများကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ဈေးကွက် အတွင်း ကျခံနေရသည့် ဝန်ဆောင်စရိတ်များကို လျှော့ချနိုင်ခဲ့ ပါသည်။ အီလက်ထရွန်နစ် ရောင်းဝယ်ရေးပလက်ဖောင်းများ၊ အနာဂတ်တွင် ပေးချေသည့်ကြိုရောင်းဈေးကွက်များ၊ ပရောဒတ် အချင်းချင်း လဲလှယ်သည့် ဈေးကွက်များ တီထွင်နိုင်ခဲ့ခြင်းများ ကြောင့် hedge-fund များ ပိုမိုအလုပ်ဖြစ်စေခဲ့ပါသည်။
Reference: Investment Guide Book
ထွန်းသက်ထွန်း