အီသီယိုးပီးယားနိုင်ငံ လေကြောင်းလိုင်း သည် ကြီးမားကျယ်ဝန်းသော A 350 အမျိုးအစားAirbus လေယာဉ် ၁၁ စင်းကို ဝယ်ယူရန် နားလည် မှု စာချွန်လွှာတစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် လူဦးရေ အများဆုံးဖြစ်သည့် ဒူဘိုင်းမြို့တွင် နိုဝင် ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ဒူဘိုင်းလေကြောင်းပြပွဲတွင် အီသီယိုးပီးယားနိုင်ငံ က A 350 အမျိုးအစား Airbus လေယာဉ် ၁၁ စင်း ကို ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အီသီယိုပီးယားနိုင်ငံ လေကြောင်းလိုင်း သည် ဘိုးအင်းအမျိုးအစား လေယာဉ် ၃၁ စင်းကို ဝယ်ယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခု ကဲ့သို့ ကြီးမားသည့် လေယာဉ်များကို ထပ်မံ ဝယ်ယူရန် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။
ယခုဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည့် A 350 အမျိုးအစား Airbus လေယာဉ်သည် ခရီး သည်များကို ပိုပြီး သက်သောင့်သက်သာဖြစ်စေ သည့်အတွက် မိမိတို့ ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောက်ဆုံးပေါ် နည်းပညာသုံး လေယာဉ်များကို ဝယ်ယူရန်နှင့် မိမိတို့၏ လေ ကြောင်းလိုင်းကို တိုးချဲ့ရန် ယခင်ကပင် စိတ်အား ထက်သန်လျက်ရှိကြောင်Ethiopian Airlines Group ၏ CEO ဖြစ်သူMesfin Tasew က ပြော သည်။
Emirates ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sheikh Ahmed bin Saeed Al Maktoum က A 350 အမျိုးအစား Airbus လေယာဉ်များကို ဝယ်ယူရန် အမှာစာများနှင့်အတူ ဝယ်ယူရေး အတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။လေကြောင်းလိုင်း သယ်ယူပို့ဆောင်ရေး တွင် တူရကီ၊ အိန္ဒိယတို့နှင့် အားပြိုင်နေရသည့် Emirates သည် ဒေါ်လာ ၆ ဘီလီယံတန်ကြေးရှိ သည့် အဆိုပါသဘောတူညီချက်ကြောင့် ဂုဏ်ယူ စရာတစ်ခု ဖြစ်လာခဲ့ရသည်။Emirates သည် ကမ္ဘာ့အကြီးဆုံး လေ ကြောင်းလိုင်းတစ်ခုတွင် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ထားကာ အောင်မြင်မှု ရရှိ နေသည်။ Emirates လေကြောင်းလိုင်းသည် ဘိုးရင်း ၇၇၇ဌ လေယာဉ် အစင်း ၉၀ အတွက် ဒေါ်လာ ၅၂ ဘီလီယံဖြင့် လေကြောင်းပြပွဲကို ဖွင့်လှစ် နိုင်ခဲ့ခြင်း ဖြစ်သည်။
Source; Reuters
စိုင်းဗညား