Main menu

Background

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် ပြည်ပကုန်အမှတ်တံဆိပ်အသစ်များ ဝင်ရောက်လာရန် ရှိနေ

Mon, 01/01/2024 - 12:13 -- journal_editor

လက်ခစား CMP စနစ်ဖြင့်  ချုပ်လုပ်နေသည့် မြန်မာ့ အထည်ချုပ်လုပ်ငန်းများတွင်   ပြည်ပက ကုန်အမှတ်တံဆိပ် အသစ်များ    ဝင်ရောက်လာရန်ရှိနေကြောင်း   မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် အသစ်ဝင်ရောက်ရန် ညှိနှိုင်းဆွေးနွေးနေ သည့် Brand  အသစ်များရှိနေပြီး တရုတ်အဝတ်အထည်Brand များကလည်း လာရောက်လေ့လာမှုများ  လုပ်ဆောင်ထား ကြောင်း သိရသည်။
တရုတ်နိုင်ငံအပြင် ကိုရီးယားနိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံ သူ လုပ်ငန်းရှင်အသစ်အဖြစ် ဝင်ရောက်ရန် ရှိနေပြီး ဥရောပ သမဂ္ဂနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ကလည်း အမှာစာအများဆုံး ဝင်ရောက်ထားကြောင်း သိရသည်။
ယခု ၂၀၂၃ နှစ်အတွင်း  အထည်အော်ဒါရရှိမှုအနေ ဖြင့် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက   များပြားသော်လည်း အထည်ချုပ်ခ ရရှိမှုအနေဖြင့် နည်းပါးလာပြီး တီရှပ်ကဲ့သို့ သော အထည်များထက် ဂျာကင်ကဲ့သို့သော အထည်များက ချုပ်ခ ပိုမိုရရှိသည့်အတွက် ဂျာကင်ကဲ့သို့သောအဝတ်အထည် မျိုးကို ချုပ်လုပ်မှု ပိုများကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ဒီဇင်ဘာ၁၂ရက်က ထုတ်ပြန် ထားသည့် အစီရင်ခံစာအရ   မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ၅ ရာခိုင်နှုန်းကိုသာ   ကိုယ်တိုင်ချုပ်လုပ်တင်ပို့သည့်  FOB စနစ်နှင့် တင်ပို့ပြီး ကျန်သည့်   ၉၅ ရာခိုင်နှုန်းကို လက်ခစား CMP စနစ်ဖြင့် ချုပ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင်စက်ရုံပေါင်း ၅၀ဝ နီးပါး၊ လုပ်သားဦးရေ လေးသိန်းခွဲနှင့် ငါးသိန်းခွဲကြားဖြင့် လုပ်ငန်းလည်ပတ်နေပြီး ထုတ်လုပ်မှုများကိုလည်း   စဉ်ဆက်မပြတ်  လုပ်ဆောင်နေ ကြောင်း သိရသည်။