လန်ချန်း - မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများ အတွက် ဈေးကွက်သုတေသနပြုလုပ် ခြင်းစီမံကိန်း အစီအစဉ်အရ မြန်မာ့ ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင် ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေး ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီတွင် မြိတ်မြို့ ပုလဲ သန္တာဟိုတယ်၌ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိ သူများ၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်းနှင့် မြန်မာ့ သဘာဝ ရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်းတို့မှ တာဝန်ရှိ သူများ၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များ၊ လုပ်ငန်းရှင်များ၊ အလုပ်ရုံဆွေးနွေး ပွဲတွင် ဆွေးနွေးပို့ချမည့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြ သည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြန်မာ့သဘာဝ ရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင် ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာယုစိန်တို့ က အမှာစကားအသီးသီး ပြောကြားခဲ့ ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ် ကို နံနက် ၉ နာရီခွဲတွင် စတင်ဆောင် ရွက်ခဲ့ရာ တရုတ်နိုင်ငံ Chinese Academy of Tropical Agricultural Sciencesမှ အကြီးတန်း သုတေသနအရာရှိ Mr. Mo Ye Yong၊ ထိုင်းနိုင်ငံ ရော်ဘာ အာဏာပိုင်အဖွဲ့ (Rubber Authority of Thailand-RAOT) မှ ရော်ဘာထုတ် လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဌာနအကြီးအကဲDr. Wittaya Pro- mmee နှင့် စိုက်ပျိုးရေးသုတေသနရာရှိMr. Thongchai Khaeduang တို့က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့နေမှု အခြေအနေများ၊ အရည်အသွေးမီ ရော်ဘာများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရော်ဘာ စံချိန်စံညွှန်းများပြည့်စုံမှု ရှိ၊ မရှိ၊ ရော်ဘာမျိုးထုတ်လုပ်ခြင်း၊ စနစ် တကျ ရော်ဘာ အစေးခြစ်ခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချ ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်း စိုက်ပျိုးသည့် ရော်ဘာမျိုးများ၊ အပင်များတွင် ကျရောက်တတ်သည့် ရောဂါပိုးများ၊ ရော်ဘာအစေးရည် သိမ်းဆည်းမှု၊ သယ်ယူပို့ဆောင်မှု အခြေအနေများ စသည်တို့ကို အမေး အဖြေပြုလုပ်၍ ဆွေးနွေးပို့ချပေးခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ညနေ ၃ နာရီခွဲ တွင် ရုပ်သိမ်းခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ်ကို ဖေဖော်ဝါရီ ၃ ရက်တွင် မြိတ်မြို့ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ် သည့် စိုက်ခင်းများ၊ ရော်ဘာထုတ်လုပ် သည့် စက်ရုံ/အလုပ်ရုံများသို့ ကွင်း ဆင်းလေ့လာရေး သွားရောက်မည်ဖြစ် ကြောင်း သိရသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့