Main menu

Background

ပို့ကုန်တင်ပို့ခြင်း၏ ကောင်းကျိုးများ

Mon, 06/03/2024 - 10:57 -- journal_editor

ပို့ကုန်တင်ပို့ရခြင်း အကြောင်းရင်း သို့မဟုတ် ပို့ကုန်တင်ပို့ခြင်း ၏ ကောင်းကျိုးများမှာ  အောက်ပါအတိုင်း ဖြစ်သည်။ 
ရောင်းအား တိုးတက်ခြင်း
ပို့ကုန်တင်ပို့ခြင်းသည်  ကုမ္ပဏီ၏ ရောင်းအားမြှင့်တင်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ပြည်တွင်းဈေးကွက်၌သာ ရောင်းချ၍ ရရှိသော ဝင်ငွေထက် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းအား ဖြင့် လုပ်ငန်းအတွက် ဝင်ငွေပိုမိုရရှိစေသည်။ ပြည်တွင်းဈေးကွက် သည် အသေးစား လုပ်ငန်းများအတွက် လုံလောက်သော အရွယ် အစားဖြစ်နိုင်သည်။  သို့သော်လည်း အလတ်စားနှင့် အကြီးစား လုပ်ငန်းများအတွက်   ပြည်တွင်းဈေးကွက်မှာ  သေးငယ်သည်။ ထို့ကြောင့် အရောင်းချဲ့ထွင်ရန် တစ်ခုတည်းသော  နည်းလမ်းမှာ ပို့ကုန်တင်ပို့ခြင်းဖြစ်သည်။
လုပ်ငန်းအနေဖြင့်   တစ်နိုင်ငံလုံးသို့လည်းကောင်း၊ ဒေသ ဆိုင်ရာ ဈေးကွက်သို့လည်းကောင်း ဖြန့်ဖြူးရောင်းချခြင်း မပြုနိုင် သေးပါက ပြည်နယ်/တိုင်းဈေးကွက် သို့မဟုတ် ဒေသန္တရဈေးကွက်( Local market) အတွင်း ဦးစွာဈေးကွက်ဝေစု ချဲ့ထွင်သင့်သည်။ ဒေသန္တရဈေးကွက်မှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာထိ ဖြန့်ဖြူး  ရောင်းချနိုင်မှသာလျှင် နိုင်ငံ၏ နယ်နိမိတ်ကျော်လွန်ပြီး ပြည်ပဈေး ကွက်ကို ကြည့်ရှုသင့်သည်။ ရောင်းအားတိုးတက်ခြင်းက ကုန်ကျ စရိတ် လျော့ကျစေပြီး လုပ်ငန်း၏ အမြတ်အစွန်းရရှိမှုနှင့် ကုန်ထုတ် စွမ်းအား တိုးတက်စေနိုင်သည်။ ထို့ပြင် လုပ်ငန်း၏ အရွယ်အစား ကြီးမားစေသောကြောင့် အခြားအလားတူ လုပ်ငန်းများနှင့် နှိုင်းယှဉ် ပါက ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေသည်။ 
ထိုမျှသာမက ရောင်းအားတိုးတက်ခြင်းက သုတေသနနှင့် ဖွံ့ဖြိုးရေးR&D)အပြင် အခြားသော ကုန်ကျစရိတ်များကိုလည်း ကာမိစေနိုင်သည်။ ထို့ကြောင့် ပို့ကုန်တင်ပို့ခြင်းက ကုမ္ပဏီ၏ အထွေ  ထွေတိုးချဲ့မှုကို  အထောက်အကူဖြစ်စေနိုင်သည်။  ထို့ပြင် ပို့ကုန် တင်ပို့ခြင်းသည် နိုင်ငံခြားကုမ္ပဏီ၏ ထုတ်လုပ်ရောင်းချခွင့်လိုင်စင် ရယူခြင်း (Overseas licensing)  ကုန်အမှတ်တံဆိပ် ရယူသုံးစွဲခြင်း ((Franchising) စသည့် အခွင့်အလမ်းများကို စမ်းသပ်သည့် နည်း လမ်းဖြစ်သည်။
အမြတ်ပိုမိုရရှိခြင်း
ပို့ကုန်ဈေးကွက်သို့   ဝင်ရောက်ခြင်းသည် လုပ်ငန်းအတွက် အရှုံးပေါ်စေရန် မဟုတ်ပေ။ ကုမ္ပဏီများသည် အမြတ်ရရှိရန် ကြိုးပမ်းကြပြီး အမြတ်များလေ လုပ်ငန်းအတွက် အကျိုးရှိလေ ဖြစ် သည်။ နိုင်ငံတကာဖောက်သည်များထံမှ ကုန်မှာစာသည် ပြည်တွင်း ဝယ်သူများ၏ ကုန်မှာစာထက် ပိုမိုများပြားသောကြောင့် ပို့ကုန် တင်ပို့ခြင်းက အမြတ်ပိုမိုရရှိစေသည်။  အချို့သော ထုတ်ကုန်များ အထူးသဖြင့် တစ်မူထူးခြားသော သို့မဟုတ် အလွန်ဆန်းသစ်သော ထုတ်ကုန်များသည်  ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်၌ အမြတ်အစွန်း ပိုမိုရရှိသည်။ 
ဆုံးရှုံးနိုင်ခြေလျော့ကျခြင်းနှင့် တိုးတက်မှု ဟန်ချက်ညီခြင်း
ပြည်တွင်း ဈေးကွက်တစ်ခုတည်း အားကိုးခြင်းက ဆုံးရှုံးနိုင် ခြေများပြားစေနိုင်သည်။  နိုင်ငံခြားဈေးကွက် အမျိုးမျိုးသို့ တင်ပို့ ရောင်းချခြင်းက  လုပ်ငန်းလည်ပတ်မှု အတက်အကျများ ရင်ဆိုင် နေရသော ကုမ္ပဏီအတွက်  ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်သည်။ စီးပွား ရေးတိုးတက်မှုနှုန်း မတူညီသော နိုင်ငံခြားဈေးကွက်အမျိုးမျိုးသို့ တင်ပို့ရောင်းချခြင်းအားဖြင့် ဈေးကွက်တစ်ခု၏  ဆုံးရှုံးနိုင်ခြေကို အခြားဈေးကွက်များ၏  တိုးတက်မှုက ထေမိသွားမည်ဖြစ်သည်။ ထို့ပြင် ယနေ့ခေတ် ပြည်တွင်းလုပ်ငန်း အများအပြားသည် လုပ်သား ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ထို့အတွက် ပို့ကုန်တင်ပို့ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသောကြောင့် ကုမ္ပဏီကို ထိခိုက်စေနိုင် သည့် လုပ်သားအငြင်းပွားမှုအန္တရာယ် လျော့ကျစေနိုင်သည်။
ထုတ်လုပ်ရောင်းချမှုစရိတ် သက်သာခြင်း
ပို့ကုန်များသည် အချည်းနှီးဖြစ်နေသော ထုတ်လုပ်မှုစွမ်းရည် Idle production capacity)) ကို အသုံးဝင်လာစေရန် ကူညီပေးသည်။ တစ်နည်းအားဖြင့် လက်ရှိအသုံးပြုနေသော စက်ရုံ၊ စက်နှင့် ဝန်ထမ်း များကို ပိုမိုစွမ်းဆောင်ရည်ရှိစေသည်။ ထို့ပြင် ထိုကဲ့သို့  စွမ်းဆောင် ရည် တိုးတက်ခြင်းက တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျ စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော်  လုပ်ငန်းသည် စုစုပေါင်းကုန် ကျစရိတ် တိုးမြှင့်ခြင်းမရှိဘဲ တူညီသော ကုန်စည်အရေအတွက်ကို ပိုမိုတင်ပို့ရောင်းချနေသောကြောင့် ဖြစ်သည်။  ထုတ်လုပ်မှုစရိတ် နည်းပါးခြင်းက   ထုတ်ကုန်တစ်ခုအား   ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်များ၌  ပိုမိုယှဉ်ပြိုင်နိုင်စေသည်။ ထိုမျှသာမက ကုမ္ပဏီ၏ အမြတ်အစွန်းကို ပိုမိုရရှိစေနိုင်သည်။
လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားခြင်း 
ပို့ကုန်တင်ပို့ခြင်းသည်   စကေးအလိုက်   အကျိုးကျေးဇူး ((Economies of scale)) ကို ခံစားရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဤအချက်က ကမ္ဘာတစ်ဝန်း လက်ခံသော ထုတ်ကုန်ဖြင့် ဈေးကွက် ထိုးဖောက်နိုင်စေသည်။ ၎င်းသည် ဈေးနှုန်းကြီးမြင့်ပြီး အချိန်ကုန် သည့်  ရင်းနှီးမြှုပ်နှံမှု  ပိုမိုလိုအပ်သည့် ဈေးကွက်တစ်ခုစီအတွက် လိုက်လျောညီထွေဖြစ်စေမည့်  ထုတ်ကုန်များနှင့်  ဆန့်ကျင်ဘက် ဖြစ်သည်။ ထုတ်ကုန်သစ်ကို ကမ္ဘာတစ်ဝန်း  ဖောက်သည် သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာစားသုံးသူများက  ပိုမိုလက်ခံလျက်ရှိသည်။  
ထုတ်လုပ်တင်ပို့ရောင်းချမှု တိုးတက်လာခြင်းနှင့်အတူ ဝင်ငွေ ပမာဏ ပိုမိုများပြားပြီး ကုန်ကျစရိတ် လျော့ကျလျက် လုပ်ငန်းစွမ်း ဆောင်ရည် မြင့်မားသည့် ကောင်းကျိုးရရှိခံစားနိုင်သည်။ တစ်နည်း အားဖြင့် လုပ်ငန်း၏ ပျမ်းမျှယူနစ်ကုန်ကျစရိတ် (Average unit costs) လျော့ကျပြီး စုစုပေါင်းအမြတ် Overall profitability)) နှင့် ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) တိုးတက်စေသည်။ 
ရာသီအလိုက် ရောင်းအားမတည်ငြိမ်မှု လျော့ကျခြင်း
တောင်ကမ္ဘာခြမ်းရှိ နိုင်ငံများနှင့် မြောက်ကမ္ဘာခြမ်းရှိ နိုင်ငံ များ၏ ရာသီဥတု မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ တောင်ကမ္ဘာခြမ်းရှိ သစ်သီးစိုက်ပျိုးထုတ်လုပ်သူနှင့် ရေကူးဝတ်စုံ သို့မဟုတ် နေရောင်ခံ လိမ်းဆေးထုတ်လုပ်သည့် ကုမ္ပဏီကဲ့သို့ ရာသီအလိုက် ကုန်ပစ္စည်း ရောင်းချသော လုပ်ငန်းများအတွက် ရာသီကုန်ဆုံးချိန်တွင် မြောက် ကမ္ဘာခြမ်း၌ အဆိုပါကုန်ပစ္စည်းများကို ရောင်းချနိုင်သည်။ ထို့ကြောင့် ရောင်းချမှုပုံစံ Sales pattern) ပိုမိုတည်ငြိမ်ပြီး ရောင်းချချိန် ပိုမိုရရှိ စေသည်။ ဤကဲ့သို့ တင်ပို့ရောင်းချခြင်းက အဆိုပါကုန်ပစ္စည်းများ အတွက် ရောင်းအားအလားအလာ Sales potential) ကောင်းမွန်စေ ပြီး ဆုံးရှုံးနိုင်ခြေကိုလည်း လျှော့ချပေးသည်။
ပိုမိုကြီးမားသော ဈေးကွက် ရရှိခြင်း
ကုမ္ပဏီ၏ ထုတ်ကုန်အတွက် ပြည်တွင်းဈေးကွက် သေးငယ် လွန်းသည့်အခါတွင်လည်းကောင်း၊ ပြည်တွင်းဈေးကွက်များ ပြည့် နှက်လာသည့်အခါတွင်လည်းကောင်း ပို့ကုန် စတင် တင်ပို့ကြသည်။ အကြီးစားစက်မှုလုပ်ငန်းသုံး  စက်ယန္တရားထုတ်လုပ်သော ကုမ္ပဏီ သို့မဟုတ် စက်ရုံကြီးများ၌ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများအတွက် ၎င်းတို့ထုတ်လုပ်ထားသော ကုန်ပစ္စည်းကို လုံလောက်စွာ ရောင်းချ နိုင်ရပါမည်။ သို့မှသာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူ ပြုပြီး   ကုန်ပစ္စည်းတစ်ယူနစ်ဈေးနှုန်း နိမ့်ကျလာပါမည်။ 
ပြည်တွင်းဈေးကွက် အရွယ်အစား 
သေးငယ်ပြီး ပြည့်နှက်နေသောကြောင့်  ပြည်ပတင်ပို့ရောင်း ချရန် အခွင့်အလမ်းများဖြစ်လာတတ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံရှိ  လုပ်ငန်း ပမာဏ ကြီးမားသော စက်မှုကုန်ချောထုတ်လုပ်သူ အများအပြား သည် ၎င်းတို့၏လုပ်ငန်း တိုးတက်ရေးအတွက် နိုင်ငံခြားဈေးကွက်သို့ ဦးလှည့်ခဲ့ကြသည်။ 
ဥပမာ အားဖြင့် Opel ၊  VWနှင့်BMW  ကဲ့သို့သော မော်တော် ကား ထုတ်လုပ်သည့် ကုမ္ပဏီများ၊ Mondi  နှင့်Sappi ကဲ့သို့သော စက္ကူထုတ်လုပ်သည့် ကုမ္ပဏီများ၊ Anglo-American နှင့် De Beers  ကဲ့သို့သော သတ္တုတူးဖော်ရေးကုမ္ပဏီများကို တွေ့မြင်နိုင်သည်။ ထို့အတူVolvo? Philips နှင့် Roche ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီ များကိုလည်း တွေ့မြင်နိုင်သည်။  အဆိုပါ ကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် သက်ဆိုင်ရာ ပြည်တွင်းဈေးကွက် သေးငယ် လွန်းသောကြောင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ် သည်။
လုပ်ငန်းမတိုးတက်မှု ကျော်လွှားနိုင်ခြင်း
ပြည်တွင်းဈေးကွက်၌  စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လေ့ရှိ သည်။  ထိုစီးပွားရေးကျဆင်းမှုက ကုမ္ပဏီများအတွက် ပို့ကုန်ဈေး ကွက်သို့ ဝင်ရောက်ရန် တွန်းအားပေးသည်။ ပို့ကုန်ဈေးကွက်သည် အရောင်းအဝယ် အခွင့်အလမ်းများပေးစွမ်းနိုင်သောကြောင့် ကုမ္ပဏီ ၏ လုပ်ငန်းတိုးတက်မှုကို များစွာအထောက်အကူပြုသည်။ တစ်နည်း အားဖြင့် ပို့ကုန်တင်ပို့ခြင်းက  ပြည်တွင်းဈေးကွက်၌  လုပ်ငန်းတိုး တက်မှု နှေးကွေးနေသော သို့မဟုတ် လုပ်ငန်းတိုးတက်မှု မရှိသော ကုမ္ပဏီအတွက် အခက်အခဲများ ကျော်လွှားနိုင်သည်။
ထုတ်ကုန်သက်တမ်း တိုးချဲ့ခြင်း
ထုတ်ကုန်အားလုံး ထုတ်ကုန်သံသရာ (Product life-cycle) ဖြတ်သန်းကြရသည်။ ထုတ်ကုန်သံသရာဆိုသည်မှာ ထုတ်ကုန်တစ်ခု ၏ ဈေးကွက်အတွင်း ဖြစ်ပေါ်ပြောင်းလဲပုံ အဆင့်ဆင့်ဖြစ်သည်။ ထုတ်ကုန်တစ်ခု၏ သံသရာကို အဆင့်လေးဆင့်ခွဲခြားနိုင်သည်။ ပထမ အဆင့်သည် ထုတ်ကုန်တစ်ခုကို ဈေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချခြင်းဖြစ်သောကြောင့် ၎င်းထုတ်ကုန်သည် အသစ်အဆန်း ဖြစ်နေသည်။ ထုတ်ကုန်၏ ဒုတိယအဆင့်၌ ရောင်းအား သိသိသာ သာ တိုးတက်လာသည်။ တတိယအဆင့်၌ ရောင်းအား အမြင့်ဆုံးသို့ ရောက်ရှိပြီး ပြည့်ဝသော ထုတ်ကုန် သို့မဟုတ် ရင့်ကျက်သော ထုတ် ကုန် Mature product) ဖြစ်လာသည်။ စတုတ္ထအဆင့်၌ ထုတ်ကုန်၏ ရောင်းအား စတင်ကျဆင်းလာပြီး ရောင်းအား အနိမ့်ဆုံးသို့ ကျဆင်း သွားသည်။ 
ယခုအခါ ပြည်တွင်းဈေးကွက်၌ ရောင်းအား ကျဆင်းသည့် အဆင့်သို့ ရောက်ရှိသွားသော ထုတ်ကုန်တစ်ခုသည် ကမ္ဘာ့အခြား ဈေးကွက်များ၌ အသက်ဝင်လာနိုင်သည်။ ဤထုတ်ကုန်ကို ပြန်လည် ရောင်းချနိုင်သည့်ဈေးကွက် ရှာဖွေခြင်းအားဖြင့် ထုတ်ကုန်သံသရာ တိုးချဲ့နိုင်သည်။ ထို့ ကြောင့် ထုတ်ကုန်တစ်ခု၏ ဘဝသံသရာ ပြီးဆုံး ရန် သို့မဟုတ် ထုတ်ကုန်၏  သက်တမ်းကုန်ဆုံးရန် နီးကပ်လာသော အခါ  အဆိုပါထုတ်ကုန်အတွက် နိုင်ငံခြား၌  ဈေးကွက်ရှာဖွေရန် အမြဲကြိုးစားနေသင့်သည်။
ထုတ်ကုန်အရည်အသွေး မြင့်မားခြင်း
ကမ္ဘာ့ဈေးကွက်သည် ပြိုင်ဆိုင်မှု ပြင်းထန်သော နေရာတစ်ခု ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်အတွင်း ပါဝင်ခြင်းအားဖြင့် လုပ်ငန်းစွမ်း ဆောင်ရည် တိုးတက်ပြီး ထုတ်ကုန်အရည်အသွေး ပိုမိုကောင်းမွန်လာ ပါမည်။ ယေဘုယျအားဖြင့် အောင်မြင်သော ပို့ကုန်လုပ်ငန်းရှင်သည် ၎င်းတို့၏  ပြည်တွင်းဈေးကွက်၌လည်း အလွန်အောင်မြင်သည့် လုပ်ငန်းရှင် ဖြစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းဆောင် ရည်မြင့်မားပြီး ထုတ်ကုန်အရည်အသွေးကို အာရုံစိုက်သောကြောင့် ဖြစ်သည်။
အပြည့်အဝ အသုံးမချရသေးသောဈေးကွက် ရရှိခြင်း
ကုမ္ပဏီ တစ်ခုသည် ကမ္ဘာပေါ်ရှိ အခြားနေရာ၌ မရရှိနိုင်သေး သည့် အလွန်ထူးခြားသော ထုတ်ကုန်တစ်ခု ရှိကောင်း ရှိနိုင်သည်။ ဤအခြေအနေတွင် အလားအလာကောင်းသော သို့မဟုတ်  အပြည့် အဝ အသုံးမချရသေးသော ဈေးကွက်များ (Untapped markets) က ကုမ္ပဏီ၏ ပို့ကုန်လုပ်ငန်းကို တွန်းအားပေးနိုင်သည်။ အခြားကုမ္ပဏီ များသည် အမေရိကန်၊ ဥရောပနှင့် အာရှဈေးကွက်ကဲ့သို့သော နိုင်ငံ ရပ်ခြား  ဈေးကွက်ကြီးများ၌ ပမာဏ အမြောက်အမြား ဝယ်ယူခြင်း၏  ကောင်းကျိုးကို ရယူလိုပေမည်။

ဖောက်သည်၊ ပြိုင်ဘက်နှင့် ကုန်ကျစရိတ်များ ကိုင်တွယ်ဖြေရှင်းခြင်း
နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် ဖောက်သည်၊ ပြိုင်ဘက်နှင့် ကုန်ကျစရိတ်များ ကိုင် တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည်။ အချို့သောကိစ္စများတွင် ကုမ္ပဏီများသည် နိုင်ငံခြားသို့ ပြောင်းရွှေ့ သွားသော ၎င်းတို့၏ဖောက်သည်များကို တုံ့ပြန်ရန်အတွက် ပြည်ပဈေးကွက်သို့ ရောက်ရှိသွားနိုင်သည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ကုမ္ပဏီ၏ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာသည့် ပြည်ပပြိုင်ဘက် ကို တိုက်ခိုက်ရန်အတွက် ပြည်ပဈေးကွက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်နိုင်သည်။ 
နောက်ဆုံးတွင်   ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်ထက် များစွာသာလွန်ကောင်းမွန်သည့် ကောင်းကျိုးများခံစားရန် နိုင်ငံခြားဈေးကွက်သို့ ရောက်ရှိသွားနိုင်သည်။ အထူးသဖြင့် နိုင်ငံခြားဈေး ကွက်၌   လုပ်အားခ   သက်သာခြင်း၊ ကျွမ်းကျင်လုပ်သား ပေါများခြင်းနှင့် ဆက်သွယ်ရေး သို့မဟုတ် စွမ်းအင်စရိတ်ကဲ့သို့သော အခြားကုန်ကျစရိတ်  အချက်များ သက်သာခြင်း စသည့် ကောင်းကျိုးများ ရယူရန် နိုင်ငံတကာသို့ သွားရောက်နိုင်သည်။ 
ဥပမာ ပရိုဂရမ်ရေးဆွဲရာ၌ အလွန်ကျွမ်းကျင်ပြီး လုပ်ခလစာ နည်းပါးသော အိန္ဒိယသို့ ဈေးကွက် တိုးချဲ့ခြင်းက ပြည်တွင်း ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအတွက် အဓိကကောင်းကျိုး ဖြစ်စေနိုင် သည်။ သို့သော်လည်း ဤအချက်များသည် အသေးစားပို့ကုန်လုပ်ငန်းထက် ပိုမိုကြီးမားသောလုပ်ငန်း များနှင့် ပို၍သက်ဆိုင်သည်ဟု ဆိုရမည်။
လုပ်ငန်းပုံရိပ် ကောင်းမွန်ခြင်း
နိုင်ငံတကာကုန်သွယ်မှု၌   ပို့ကုန်တင်ပို့သူအဖြစ် ပါဝင်ပတ်သက်ခြင်းက ကုမ္ပဏီ၏ ပုံရိပ် သို့မဟုတ် အဆင့်အတန်း ပိုမိုမြင့်မားစေသည်။ ဤအချက်သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အလွန် အရေးကြီးသော အချက်ဖြစ်သည်။

                                                         
Source Exporthelp.co.za

သိန်းမြင့်ဝေ