မြန်မာနိုင်ငံတွင် သရက်သီး စိုက်ပျိုးထုတ်လုပ်မှုအရ မြန်မာ့စိန်တလုံးသရက်သီးမှာ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်တို့ တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုး အစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြား ငမောက်နှင့် စိမ်းချို စသော သရက်သီး အမျိုးအစားများဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့နယ်ရှိ ရွှေဘို၊ ကန့်ဘလူ၊ ဘုတလင်မြို့နယ်များသည် စိန် တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချို စသည့် သရက်မျိုးများလည်း စိုက်ပျိုးကြကြောင်း သိရ သည်။
မေလဆန်းပိုင်းမှစ၍ မုံရွာမြို့ရှိ ဈေးများသို့ ရွှေဘို၊ ဘုတလင်၊ ကနီမြို့နယ်များမှ ပေါ်ဦးပေါ်ဖျား မြန်မာ့စိန်တလုံး သရက်သီးများ ဝင်ရောက်လာပြီး ဈေးကောင်းရရှိနေသည်။ သရက်သီးပွဲရုံများတွင် လက်ကားဈေး ပျမ်းမျှတစ်လုံး ကျပ် ၅၀ဝ နှုန်းဖြင့် တောင်းပြတ်ရောင်းချလျှင် အလုံးရေ ၁၂၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် ရောင်းချရ ကြောင်း၊ အလုံးရေ ၁၀ဝလုံး ပါ သစ်သီးခြင်း တစ်ခြင်းလျှင် ငွေကျပ်ငါးသောင်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရွေး ကောက်ရောင်းချလျှင် သရက် သီး အသေး/အကြီးအမျိုးအစား ပေါ်မူတည်၍ ကျပ် ၅၀ဝ မှစတင်ကာ ကျပ် ၁၀ဝ၀ အထိ ရောင်းချရပြီး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိ ကြောင်း၊ တစ်ရက် ရောင်းချရမှုမှာ သရက်သီးတောင်းရေ ၁၀ဝ မှ ၁၅၀ ခန့်ထိရောင်းချရပြီး ရန်ကုန်၊မန္တလေး၊ ပြင်ဦးလွင် မြို့များသို့ ပို့ဆောင်ရကြောင်း သရက်သီးပွဲရုံမှ သိရသည်။
လက်လီရောင်းချသူများသည်လည်း ဈေးကောင်းရရှိ နေသောကြောင့် ပွဲရုံမှ ဖောက်သည်ဈေးယူကာ ထပ်ဆင့် ရောင်းချရာ တစ်ရက်လျှင် တောင်းရေ ၁၀ လုံးခန့် ရောင်းချရ ကြောင်း သိရှိရပြီး စိန်တလုံးသရက် လှိုင်လှိုင်ပေါ်နေသည့် အချိန်တွင် ပွဲရုံလက်ကားဒိုင်နှင့် လက်လီဈေးသည်များပါ အမြတ်အစွန်းများ ရရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)