Main menu

Background

လျှပ်စစ်ကား၊ ဝက်သားနဲ့ကုန်သွယ်မှု

Mon, 07/01/2024 - 12:22 -- journal_editor

ဒီရက်ပိုင်းတွေအတွင်းမှာ  ကမ္ဘာ့ကုန်သွယ်မှု ကစားကွင်းမှာ အင်အားကြီးတွေ အားပြိုင်မှုတွေနဲ့ ထူးခြားနေပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်တင်ပို့တဲ့ လျှပ်စစ် ကား (Electric Vehicle-EV) တွေအပေါ် ဥရောပ သမဂ္ဂ (EU) က အကောက်ခွန်နှုန်းတွေ ယာယီမြှင့် တင်မယ်လို့ ဇွန် ၁၂ ရက်က ကြေညာလိုက်ပါတယ်။BYD  ပေါ် ၁၇ ဒသမ ၄ ရာခိုင်နှုန်းGeely အပေါ် ၂၀ ရာခိုင်နှုန်းနဲ့SIAC အပေါ် ၃၈ ဒသမ ၁ရာခိုင် နှုန်းအထိ မြှင့်တင်လိုက်တာပါ။ EUရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့EV ထုတ်လုပ်တင်ပို့မှုတွေဟာ အစိုးရ ရဲ့ မမျှတတဲ့ ထောက်မမှုတွေကြောင့် အကျိုးအမြတ် တွေရခဲ့တယ် ( Benefit from unfair subsidisation) လို့ ဆိုပါတယ်။ အဲ့လို ထောက်မမှုတွေဟာ EU ရဲ့ EV ထုတ်လုပ်သူတွေကို ထိခိုက်စေမယ့် ခြိမ်းခြောက် မှု Threat of economic injury) ဖြစ်တယ်။ ဒီကိစ္စ အပေါ်  EU က  ယခင်နှစ် အောက်တိုဘာကစပြီး လိုအပ်တဲ့  စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ တရုတ် အစိုးရနဲ့  ညှိနှိုင်းရာမှာလည်း ထိရောက်တဲ့အဖြေ မထွက်ခဲ့ပါ။  ဒါကြောင့်  အကောက်ခွန်မြှင့်တင်မှု ယာယီအစီအစဉ်ကို ဇူလိုင်လ ၄ရက်နေ့မှာ စတင် မှာဖြစ်ပြီး နောက်လေးလအကြာမှာ အပြီးသတ် ဆုံး ဖြတ်ပြီး  ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီကိစ္စအပေါ် တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အကျိုးအကြောင်းမဲ့တရား လက် လွတ်ဆောင်ရွက်ချက်လို့  တုံ့ပြန်လိုက်ပြီး EU ရဲ့ ကိုယ်ကျိုးစီးပွား  ကာကွယ်ရေး လုပ်ဆောင်ချက် (Protectionist Act ) ဖြစ်တယ်။ မျှတတဲ့ယှဉ်ပြိုင်မှုကို ပျက်ယွင်းစေတယ်။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO) စည်းမျဉ်းတွေကို ချိုးဖောက်တယ်။ ကုန် သွယ်ရေးပွတ်တိုက်မှုကို မြင့်မား စေမယ်လို့ ထုတ် ဖော်ပြောကြားလာပါတယ်။  ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံက EU  နိုင်ငံများထံ EV  စီးရေ ၄၈၂၀ဝ၀ ကျော်တင်ပို့ခဲ့တယ်။    တင်ပို့မှုဟာ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိပြီး တရုတ် EV  တင်ပို့စုစုပေါင်းရဲ့ ၄၅ရာခိုင်နှုန်း၊ EU က EV တင်သွင်းမှုရဲ့ ၃၇ရာခိုင်နှုန်း ရှိခဲ့တာကြောင့် နှစ်ဖက် လုံးအတွက် အလေးပေးရမယ့် ကုန်သွယ်မှုဖြစ်နေ တာ တွေ့ရပါတယ်။
ဇွန် ၁၇ ရက်မှာတော့ တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို တင်ပို့နေတဲ့ EU  ရဲ့ ဝက်သားတင်ပို့မှုအပေါ် တန်ပြန်တင်ပို့မှုဆိုင် ရာ စုံစမ်းစစ်ဆေးမှု (Anti-dumping Investigation) စတင်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဝက်သား လို့ဆိုရာမှာ  အသားတင်မက အေးခဲ/အအေးခံ ဝက်သား၊ ဝက်ကလီစာ၊ ဝက်ဆီ စတာတွေ (ဝက် တစ်ကောင်လုံးက  စားလို့ရတဲ့ အစိတ်အပိုင်းတွေ) အားလုံး  အကျုံးဝင်တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ် ဆေးမှုကို    တရုတ်တိရစ္ဆာန်မွေးမြူရေးအသင်း (China Animal Agriculture Association) ကEU  ဝက်သားတွေကြောင့်   သူတို့ထိခိုက်နေကြောင်း လျှောက်ထားမှု ကြောင့် ဆောင်ရွက်တာဖြစ်ပါတယ်။  စုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံရဲ့ ဥပဒေ၊WTO  စည်းမျဉ်းများနဲ့အညီ ဆောင်ရွက်မယ်၊ စုံစမ်းစစ် ဆေးမှုကို  တစ်နှစ်အတွင်း ပြီးအောင် ဆောင်ရွက် မယ်လို့ ကြေညာသွားပါတယ်။ EU  က တရုတ်နိုင်ငံကို ဝက်သားတင်ပို့မှုက တစ်နှစ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်ရှိပါတယ်။
WTOစည်းမျဉ်းများရဲ့ အဓိက အခြေခံမူက တော့ မျှတသောကုန်သွယ်မှု ((Fair Trade) ဖြစ်ပါ တယ်။ ကုန်သွယ်မှုမျှတစေဖို့အတွက် စည်းမျဉ်းတွေ Rules)) နဲ့ ထိန်းကျောင်းတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် သွင်းကုန်တင်သွင်းမှုမှာ မျှတမှု မပျက်ယွင်း စေဖို့  သဘောတူညီချက်တွေ (Agreements)) ကို အဖွဲ့ဝင်တွေက လိုက်နာရပါတယ်။ ထုတ်ကုန်တင်ပို့ တဲ့နိုင်ငံဟာ မိမိကုန်ပစ္စည်းကို တစ်ဖက်နိုင်ငံ ဈေး ကွက်မှာ အသာစီးရအောင် အစိုးရကထောက်မ  Subsidise ပေးပြီး ထုတ်လုပ်တာကို တင်သွင်းတဲ့ နိုင်ငံက စုံစမ်းဖော်ထုတ်တွေ့ရှိရင် Countervailing Measure  အနေနဲ့ အဆိုပါ   ကုန်စည်အပေါ် အကောက်ခွန်နှုန်း မြှင့်တင်ကောက်ခံခွင့်ရှိပါတယ်။ တရုတ် EV  တွေအပေါ်  EU က ဒီစည်းမျဉ်းကို ကျင့် သုံးလိုက်တာဖြစ်ပါတယ်။
ကုန်ပစ္စည်းထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတစ်ခုက ထုတ်ကုန်တစ်ခုခုကို မိမိနိုင်ငံအတွင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် လျှော့ချပြီး အခြားနိုင်ငံကိုတင်ပို့ တာကို စုပုံတင်ပို့ခြင်း Dumping) လို့ သတ်မှတ်ပါ တယ်။ ဒီလိုလုပ်တာကို တင်သွင်းတဲ့နိုင်ငံက စိစစ် ဖော်ထုတ်နိုင်ရင်    တန်ပြန်ဆောင်ရွက်မှု    Anti-dumping Measure) ကျင့်သုံးခွင့်   ရှိပါတယ်။ အကောက်ခွန်နှုန်း မြှင့်တင်ကောက်ခံခွင့်ရှိပါတယ်။ EV ဝက်သားတွေအပေါ်မှာ  တရုတ်အစိုးရက ဒီနည်းလမ်းနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ 
တကယ်တော့ ဒီပွဲက Countervailing  နဲ့  Anti- dumping ကိုWTO  စည်းမျဉ်းများအရ ဆောင်ရွက် ကြတာဖြစ်ပေမယ့်  နောက်ဆုံးမှာတော့WTOရဲ့  ကုန်သွယ်မှုအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့(Dispute Settlement Body) မှာပဲ အဆုံးသတ်ဖွယ်ရှိမယ်လို့ သုံးသပ်မိပါတယ်။

 

အောင်နိုင်ဦး (မန္တလေး)