Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/01/2024 - 14:45 -- journal_editor

၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက် ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ (၅ ရာခိုင်နှုန်း ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၇ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၅၄၁ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ ဖြင့် လည်းကောင်း၊ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၃ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၆ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်းRice Exporter Association Website တွင်ဖော်ပြချက်အရ သိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၇၁ ဖြင့်လည်းကောင်း၊ဧညမ့် ထ (၂၅ ရာခုငိ န် နှု း် ) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၇ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် (၅ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၄၇ ဖြင့် လည်းကောင်း အသီးသီးရှိသည်။Rice Exporter Association Website တွင်ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀ဝ ရာခိုင်နှုန်း)ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်း သိရပြီးဗီယက်နမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ မှ ၁၂၀ဝ၀ဝ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ မှ၁၄၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဧည့်မထ ၂၅ မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိပြီးဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ မှ ၇၈၀ဝ၀ ကြားပေါက်ဈေးရှိကြောင်း သိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ ဧည့်မထဆန်တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၄၅၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင်ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၇၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင်နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းTrading Economics Websiteတွင် ဖော်ပြထားသည်။