Main menu

Background

က်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 07/01/2024 - 14:59 -- journal_editor

ကမ္ဘာ့လောင်စာဆီ  ဈေးကွက်အနေဖြင့် အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဇွန် ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၅  နိုင်ငံအနက် နိုင်ဂျီးရီးယားနိုင်ငံသည် ယခု တစ်ပတ်တွင်  ၁၀ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံတွင်  ၇ ဒသမ ၁၀ ရာခိုင်နှုန်း၊  ဒိန်းမတ်နိုင်ငံတွင်  ၄ ဒသမ ၂၀ ရာခိုင်နှုန်း  နှင့် ဃကမခေသေ နိုင်ငံတွင်  ၄ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိကြောင်း တွေ့ရှိရ သည်။
ယခုတစ်ပတ်အတွက် ဇွန် ၂၄ ရက် ဖော်ပြချက်၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊  ဟောင်ကောင်၊ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ နယ်သာလန်၊ ဂရိ၊ ဘူလ်တန်၊ ဂျော်ဒန်၊ ကင်ညာ၊ နီပေါနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၃ နိုင်ငံတွင် ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြ ထားသည်။ 
ဓာတ်ဆီဈေးနှုန်း   ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်  လာအို၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ပိုလန်၊ မက္ကဆီကိုနှင့် အက်စ်တိုးနီးယား အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး ယခင် တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း  မှ  ၄ ဒသမ ၁၀  ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
 ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင်  ၁ ဒသမ ၅၀ ရာခိုင်နှုန်း၊  ဖိလစ်ပိုင်နိုင်ငံ တွင်  ၁ ဒသမ ၃၀ ရာခိုင်နှုန်း၊  ကမ္ဘောဒီးယားနိုင်ငံတွင်  ၁ ဒသမ၁၀ ရာခိုင်နှုန်း ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်  ၁ ဒသမ ဝ၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး လာအိုနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ  တည်ငြိမ်နေကြောင်း ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားသည်။ 
၂၀၂၄ ခုနှစ်၊ ဇွန် ၂၄  ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဆီဈေးနှုန်းများအနေဖြင့် ကမ္ဘာ့နိုင်ငံ ပေါင်း  ၁၂၅  နိုင်ငံအနက် အီတလီနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ တွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင်  ၄ ဒသမ ၆၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၈ နိုင်ငံရှိကြောင်း  တွေ့ရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ မက္ကဆီကို၊ အက်စ်တိုးနီးယားနှင့်   ချက်  အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ  ၄ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင်  ၄ ဒသမ ၆၀ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်  ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံတွင်  ၃ ဒသမ ၇၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ထိုင်းနိုင်ငံတွင် သုည ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများ တွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ ရှိရသည်။  
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ဇွန် ၂၇ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင်  ကျပ် ၂၅၈၀ ၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၇၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၈၅၀  အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင်  ကျပ် ၃၈၅၀၊ ဒီဇယ် တစ် လီတာလျှင်  ကျပ် ၃၈၀ဝ၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၄၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၃၅၀ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ပြည်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၆၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ် လီတာလျှင် ၂၇၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိ ရသည်။                 မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၆၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ကျပ်  ၁၂၀ မြင့်တက်လျက်ရှိကြောင်း သိရသည်။