Main menu

Background

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Mon, 07/01/2024 - 15:08 -- journal_editor

ပခုက္ကူမြို့တွင်  ယခု ဇွန်လ စတုတ္ထပတ်၌  အရောင်း အဝယ်ဖြစ်နေသော ဓာတ်မြေသြဇာ ၅၀ ါု ပါ တစ်အိတ် ဈေး နှုန်းများမှာ အာမိုယူရီးယား ကျပ်၈၅၀ဝ၀၊ သြဘာ ယူရီးယား ကျပ် ၉၃၀ဝ၀၊ ရွှေနဂါး ယူရီးယား ကျပ် ၈၄၀ဝ၀၊ တရုတ်တီစူပါ သံကွင်း ကျပ် ၁၃၀ဝ၀၊ တရုတ်ပုလဲရွှေတောင် ကျပ် ၈၃၀ဝ၀၊ မြန်မာသြဘာ ရွှေကောမက် ကျပ်၁၄၀ဝ၀ဝ၊ အာမို ကွန်ပေါင်း ကျပ် ၁၈၀ဝ၀ဝ၊ သြဘာကွန်ပေါင်း ကျပ်၁၆၀ဝ၀ဝ၊ ကောမက် ကွန်ပေါင်း ၁၅း၁၅း၁၅ ကျပ် ၁၃၀ဝ၀ဝ၊ တရုတ်အာမို ကျပ် ၁၆၅၀ဝ၀ ဖြင့် မေလ နောက်ဆုံးပတ်ထက် ဈေးမြင့်တက်လာ သည်ကိုတွေ့ရသည်။ ယခုအချိန်သည် သီးနှံများ စိုက်ပျိုး ချိန်ဖြစ်သောကြောင့်  ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေး ဈေးနှုန်းများမှာ  အာမိုမက်နီ ဖော့ (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၃၅၀ဝ၀၊ အာမိုမက်နီဖော့ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၆၀ဝ၀ဝ၊ အာမိုစတားတစ်လီတာ တစ်ဘူးလျှင် ကျပ် ၅၃၀ဝ၀၊ အာမိုအီမာတစ် လီတာဘူး တစ်ဘူးလျှင် ကျပ် ၄၃၀ဝ၀၊ ဂျက်ကက် မင်းမဟော် (၁၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၁၁၀ဝ၀၊ သြဘာပို့စ် (၂၅၀)ခခ ဘူး တစ်ဘူးလျှင် ကျပ် ၁၂၅၀ဝ၊ သြဘာ အဆီဖိတ် (၅၀ဝ)ါ ပါ တစ်ထုပ်လျှင် ကျပ် ၂၇၀ဝ၀၊ သြဘာ ငှက်ကြီးတောင် (၁၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၂၂၀ဝ၀ ၊ သြဘာ ငှက်ကြီးတောင်(၂၅၀)ခခ တစ်ဘူးလျှင် ကျပ် ၅၁၅၀ဝ၊ မင်းမဟော် ဖော်ယူဘိုး (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၃၅၀ဝ၀၊ မင်းမဟော် ဖော်ယူဘိုး (၂၅၀)ခခ တစ်ဘူးလျှင် ကျပ် ၁၉၅၀ဝ ဈေးနှုန်းအသီး သီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။
ဇွန်လ စတုတ္ထပတ်တွင် ဓာတ်မြေသြဇာနှင့် အသုံးများ ဆုံး ပိုးသတ်ဆေး ဈေးနှုန်းတက်လာသည်ကို  တွေ့ရှိရပြီး ပိုးသတ်ဆေးမှာ ပို၍အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

 

စန်းမြင့်ရီ (ပခုက္ကူ)