Main menu

Background

မြန်မာနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ မူပိုင်ခွင့်ရုံး (DGIP) ပူးပေါင်းဆောင်ရွက်

Mon, 07/01/2024 - 15:28 -- journal_editor

၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ အပါအဝင် မူပိုင်ခွင့်ဥပဒေ လေးရပ်ကို ပြဋ္ဌာန်း ခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ခုကို  စတင်ကျင့်သုံးရန် အတွက်  ပထမဦးဆုံးခြေလှမ်းသည် အမှတ်တံဆိပ်  မှတ်ပုံတင် လျှောက်ထားခြင်းဖြစ်လာသည်။  အမှတ်တံဆိပ် အဟောင်းများ အတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ  ၁ ရက်မှစ၍ အီလက်ထရွန် နစ် မှတ်ပုံတင်စနစ် WIPO File System) ဖြင့် အွန်လိုင်းမှတစ်ဆင့် ကနဦး စတင်လက်ခံခဲ့သည်။
မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှစတင်ကာ မူပိုင်ခွင့်ဦးစီးဌာနတွင် အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းများကို တရားဝင် လက်ခံဆောင်ရွက်ခဲ့သည်။ အွန်လိုင်းစနစ်ဖြင့်သာမက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မူပိုင်ခွင့်ရုံးများတွင် လူကိုယ်တိုင် လာရောက်၍  အမှတ်တံဆိပ် အဟောင်းများနှင့် အမှတ်တံဆိပ် အသစ်များအတွက် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်ပေးလျက် ရှိရာ ယခုအချိန်ထိ လျှောက်ထားချက်  စုစုပေါင်း  ၄၅၆၉၇  ခန့် လက်ခံရရှိထားပြီးဖြစ်သည်။ စစ်ဆေးရေးအရာရှိများသည်လည်း အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၃ ခုနှစ်  ဧပြီ ၂၆ ရက်မှစ၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။ 
မူပိုင်ခွင့်နှင့်စပ်လျဉ်း၍   ညွှန်းဆိုရလျှင်  အာဆီယံ ၁၀ နိုင်ငံ အတွင်း မိမိတို့နိုင်ငံတွင် မူပိုင်ခွင့်စနစ်ကို နောက်အကျဆုံး အကောင် အထည်ဖော်ကျင့်သုံးရသည့် နိုင်ငံဖြစ်နေသည်။ မူပိုင်ခွင့်ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများဘက်ကလည်း အမှတ်တံဆိပ်စစ်ဆေးခြင်း ဆိုင်ရာ ရှာဖွေမှုများ၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အငြင်းပွား မှု၊  ပဋိပက္ခများကို ကြားနာအကဲဖြတ်ခြင်းနှင့် ဆုံးဖြတ်ဖြေရှင်းမှု ပြု လုပ်ပေးရမည်ဖြစ်သည်။ တရားမျှတမှုရှိ၍ အချိန်တိုအတွင်း အမှား အယွင်း အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ကြရာ ပိုမိုကောင်းမွန်လွယ်ကူ လျင်မြန်စေမည့် နည်းစနစ်များကို သိရှိလိုကြသည်။ ထိုကဲ့သို့ နည်း စနစ်များကိုလည်း အလျင်အမြန် အကောင်အထည်ဖော်၍ နိုင်ငံ တော်အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လိုကြသည်။ သို့ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများမှ အမှတ်တံဆိပ်ပိုင်ရှင်များ၏ အခွင့်အရေးများကို အကာအကွယ်ပေး နိုင်ရန် လိုအပ်လာသည်။ 
တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသော တောင်းဆိုချက်များ၊ ချိုးဖောက်မှုများ၊ စိန်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများကို အဓိက  ကိုင်တွယ်ဖြေရှင်းရမည့်သူများသည် မူပိုင်ခွင့်ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများဖြစ်နေသည်။  စစ်ဆေးရေးအရာရှိများ၏ ကျွမ်းကျင်မှုနှင့်  အသိပညာများ ပိုမိုမြင့်မား တိုးတက်လာစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ၏ မူပိုင်ခွင့်ရုံး Directorate General of Intellectual Property - DGIP)တို့၏ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြသည်။ 
အင်ဒို-မြန်မာ နှစ်နိုင်ငံသဘောတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်  ဆွေးနွေးမှုများမှ အမှတ်တံဆိပ်  မှတ်ပုံတင်စစ်ဆေး ခြင်းဆိုင်ရာ အတွေ့အကြုံများစွာကို ရယူနိုင်ပေမည်။ အင်ဒို-မြန်မာ နှစ်နိုင်ငံရှိ မူပိုင်ခွင့်ရုံးများအကြား နားလည်မှုအပြည့်ဖြင့် ပူးပေါင်း ဆောင်ရွက်သည့် ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်  အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ နယ်ပယ်တွင် အင်ဒို-မြန်မာ နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အတွေ့အကြုံများ၊  အသိပညာ၊ အတတ်ပညာများနှင့် ခေတ်ပေါ် နည်းပညာများစွာကို မျှဝေနိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ 
အင်ဒို-မြန်မာ နှစ်နိုင်ငံရှိ အမှတ်တံဆိပ်များစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ -
-    မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း များကို စစ်ဆေးရာတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရသည်။ ပထမအဆင့် hf Formality Examination  ကိုစစ်ဆေးပြီးမှသာ ဒုတိယအဆင့် Absolute Ground Exam- ination  ကို စစ်ဆေးရခြင်းဖြစ်သည်။ အမှတ်တံဆိပ်တွင် ပါဝင် လာမည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားစာရင်းကို ခွဲခြားစစ်ဆေးသည့်နေရာတွင်International Classification of Goods & Services (Nice Classification) နှင့်Madrid Goods & Services Manager (MGS) တို့အသုံးပြုကာ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ပြည်ပ စီးပွားရေးလုပ်ငန်းများမှ အမှတ်တံဆိပ်များကို WIPO ၏ Global Brand Database စနစ်တွင် ရှာဖွေကာ ရည်ညွှန်းကိုးကား၍ စစ်ဆေးပေးနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းကို အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လျှောက်ထား နိုင်သည်။ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမည်ဆိုပါက အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း တက်ရောက် ပြီးသော ကိုယ်စားလှယ်များမှတစ်ဆင့်သာ လျှောက်ထားနိုင်သည်။ မူပိုင်ခွင့်ဦးစီးဌာနသည် အမှတ်တံဆိပ်အဟောင်း   ပိုင်ရှင်များကို နစ်နာမှုမရှိစေလိုသော စေတနာဖြင့် ၎င်းတို့ရပိုင်ခွင့်ရှိသော အခွင့် အရေးများအတွက် အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းများ ကို စတင်စစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်သည့်နေ့မတိုင်မီ နှစ်နှစ် ကျော်လောက်ကတည်းက ကြိုတင်လက်ခံပေးခဲ့ပြီး ၂၆-၄-၂၀၂၃ ရက်နေ့မှစ၍ အခကြေးငွေပေးသွင်းပြီးသော အမှတ်တံဆိပ် မှတ်ပုံ တင်လျှောက်ထားခြင်းများကို စစ်ဆေးရေးအရာရှိများက  ှုဏဗှ စနစ် အသုံးပြု၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 
အမှတ်တံဆိပ်  မှတ်ပုံတင်  လျှောက်ထားခြင်းကို ကန့်ကွက်၊ ငြင်းပယ်သည်ဟုဆိုရာတွင် -
-    အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် လည်း မြန်မာနိုင်ငံနည်းတူ နိုင်ငံတော်၏ အယူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာ ကို ဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကိုဖြစ်စေ  ထိပါးစေနိုင်သည့် အမှတ်တံဆိပ် အမျိုးအစားများကို မှတ်ပုံတင် ခွင့်မပြုသည်ကို သိရှိခဲသည်။ 
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအပြင် အင်ဒိုနီးရှားနိုင်ငံတွင် မူပိုင်ခွင့် အကာအကွယ်ပေးထားပြီးဖြစ်သော အပင်မျိုးကွဲ အမည် များ၏ အမှတ်တံဆိပ်နှင့် ဒေသဆိုင်ရာ  အညွှန်းတို့အကြောင်းနှင့် အများပြည်သူဆိုင်ရာ  နေရာများတွင် အသုံးပြုလျက်ရှိသော လမ်း ညွှန် သင်္ကေတများသည် အင်ဒိုနီးရှားနိုင်ငံတွင် မှတ်ပုံတင်ခွင့် မရှိ သော အမှတ်တံဆိပ်ဖြစ်ကြောင်းတို့ကို သိရှိရသည်။ ထို့ပြင် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှု၏ အမျိုးအစား၊ အလေးချိန်၊ အရွယ်အစား၊ အရည်အသွေး စသည်ဖြင့် ဖော်ပြချက်များ ပါဝင်နေသည့် အမှတ် တံဆိပ်များသည်လည်း မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်များ ဖြစ်ပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် မကိုက်ညီသော ဖော်ပြ ချက်များဖြင့် ဖန်တီးထားသော အမှတ်တံဆိပ်များကိုလည်း မှတ်ပုံ တင်ခွင့်မရှိသော အမှတ်တံဆိပ်များအဖြစ် အင်ဒိုနီးရှားနိုင်ငံတွင် သတ်မှတ်ထားကြောင်း သိရှိရသည်။ 
အကာအကွယ်ရနိုင်သည့် အမှတ်တံဆိပ်တွေဆိုတာ -
-    အင်ဒိုနီးရှားနိုင်ငံတွင် အမှတ်တံဆိပ်ဟူသည်မှာ မျက်စိဖြင့် မြင်တွေ့နိုင်ရမည်၊ ပုံဖော်ထားပြီး သိသာထင်ရှားသောလက္ခ ဏာ တစ်ရပ်ရှိရမည့်အပြင် ဈေးကွက်အတွင်း အမှန်တကယ် အသုံးပြုနေရမည် စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ် သည်။ 
သာမန်မြင်တွေ့နိုင်သော အမှတ်တံဆိပ်ဆိုသည်မှာ စကားလုံး များကို အသုံးပြုထားသော အမှတ်တံဆိပ်များ၊  ရုပ်ပုံများအသုံးပြု၍ဖန်တီးထားသော အမှတ်တံဆိပ်များနှင့် စကားလုံးနှင့်ရုပ်ပုံကို ပေါင်း စပ်ဖန်တီးထားသော အမှတ်တံဆိပ်များသာဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသည် ၂၀၁၆ ခုနှစ်က ပုံမှန်မဟုတ်သော အမှတ်တံဆိပ် များဟု ခေါ်ဆိုနိုင်သည့် သုံးဘက်မြင်ပုံစံများ၊ သုံးဘက်မြင်  ပုံရိပ်များနှင့် နားဆင်နိုင်သော အသံများကို အမှတ်တံဆိပ်အဖြစ် အကာအကွယ် ပေးနိုင်ရန် ရည်ရွယ်၍ ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်။ 
 ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်များအနေဖြင့် ဆင်တူ ယိုးမှား အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားလာခြင်းများကို ကန့် ကွက်ခြင်းပြုလုပ်နိုင်သည်ကိုလည်း သိရှိရသည်။  
အချုပ်အားဖြင့် ဆိုရသော် -
-    မြန်မာနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ၏ မူပိုင်  ခွင့်ရုံး (Directorate General of Intellectual Property - DGIP)တို့၏ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့်DGIP Training Course on Basic Trademark Examination for Myanmar IP Office Phase1  သည် မြန်မာနိုင်ငံ မူပိုင်ခွင့် ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများအတွက် ပထမဆုံး နိုင်ငံ တကာ အတွေ့အကြုံဖြစ်ကြောင်း ရေးသားလိုက်ရသည်။ 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲ
မူပိုင်ခွင့်ဦးစီးဌာန