ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃ဒသမ၈ သန်းထိ ရှိနိုင်ကြောင်း Food and Agriculuture Organization (FAO))မှ ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားရှိခဲ့သည့် ဆန် တင်သွင်းမှု မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း၏ ၈ ဒသမ ၅ ရာခိုင်နှုန်း ထိတိုးမြင့်ခန့်မှန်းထားခြင်း ဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှု သည် လက်ရှိထက် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့် ပြီး ဆန်တန်ချိန် မက်ထရစ်တန် ၁၇ ဒသမ ၅ သန်း ထိရှိနိုင်ကြောင်း ့ညငအနိ ြအေငသညျ ဗါနညခပ မှ ခန့်မှန်းထားကြောင်း ဖော်ပြပါရှိသည်။
ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်ပြီး ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အကောက်ခွန်နှုန်းထားအား ၁၅ရာခိုင်နှုန်း သို့ လျှော့ချခြင်းကို ၂၀၂၈ ခုနှစ်ထိ ဆက်လက် လျှော့ချပေးမည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ အား သမ္မတမားကို့စ်မှ အတည်ပြုထုတ်ပြန်ခဲ့သည်။ အကောက်ခွန်နှုန်းထား အသစ်များအတွက် ပြန်လည်သုံးသပ်ခြင်းကို လေးလတစ်ကြိမ်ပြုလုပ် သွားမည်ဖြစ်သည်။
Bureau of Plant and Industry မှ ထုတ်ပြန် သည့် ကိန်းဂဏန်း အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀-၆-၂၀၂၄ ရက်အထိ မက်ထရစ်တန်ချိန် ၂ ဒသမ ၂၈ သန်း တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်းစိုက်ပျိုး ထွက်ရှိမှု Milled Rice သည် FAO မှ ခန့်မှန်းတွက် ချက်ထားသည့် မက်ထရစ်တန်ချိန် ၁၃ဒသမ၃ သန်းထက် တိုးမြင့်၍ ၁၃ ဒသမ ၃၇ သန်းထိ ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်က Milled Rice မက်ထရစ်တန်ချိန် ၁၃ သန်းနှင့်ညီမျှသည့်Unmilled Rice မက်ထရစ် တန်ချိန် ၂၀ ဒသမ ဝ၆ သန်း စိုက်ပျိုးထွက်ရှိခဲ့ ကြောင်း ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှု တရိပ်ရိပ် မြင့်တက်လာခြင်း ကြောင့် ၂၀၃၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၅ ဒသမ ၁ သန်းထိ ရှိနိုင်ကြောင်းကိုလည်း Food and Agriculuture Organization -FAOမှ ခန့်မှန်း ထားရှိပြီး အဆိုပါပမာဏသည် ကမ္ဘာ့စုစုပေါင်း ဆန်တင်သွင်းမှု၏ ၈ ရာခိုင်နှုန်းထိ ရှိကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ဆန်စားသုံးမှုသည် ၂၀၃၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၃ ဒသမ ၉ သန်းထိ ရှိနိုင်ပြီး ကမ္ဘာ့စုစုပေါင်း ဆန်စားသုံးမှု၏ ၃ ရာခိုင်နှုန်းထိရှိနိုင်သည်ဟုလည်း ခန့်မှန်းထား ကြောင်း ဖော်ပြထားသည်။
လူဦးရေများ တိုးမြင့်လာသဖြင့် ဆန်စားသုံး မှုမြင့်တက်လာခြင်းကြောင့် အာရှနိုင်ငံများ၏ ဆန် စားသုံးမှုသည် ခန့်မှန်းတွက်ချက်ခဲ့သည့်အတိုင်း ပင် ၆၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး လွန်ခဲ့သော ၁၀ စုနှစ်ကာလအတွင်း နှုန်းတူမြင့်တက်နေသော ကြောင့် ကမ္ဘာ့စုစုပေါင်း ဆန်စားသုံးမှုသည်လည်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းထိ တိုးမြင့်လာနိုင် ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ ဖိလစ်ပိုင် နိုင်ငံ၏ ပြည်တွင်းဆန်စိုက်ပျိုးထွက်ရှိမှုသည် ငြူနိ ျွငခန မက်ထရစ်တန်ချိန် ၁၄ ဒသမ ၈ သန်း နှင့်ညီမျှသည့်ပမာဏထိ ထွက်ရှိနိုင်ကြောင်း င်္ဗဥ မှ ခန့်မှန်းထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ပထမ ၆ လပတ် ကာလအတွင်း မက်ထရစ်တန်ချိန် ၂ ဒသမ၂၈ သန်း တင်သွင်းခဲ့ပြီးဖြစ်သဖြင့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၄ ခုနှစ် ဇွန်လတစ်လတည်း ကြည့်မည်ဆိုပါက ၁၆၀၄၄၈ မက်ထရစ်တန်တင်သွင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်မည် ဆိုပါက ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး အကြောင်းရင်းမှာ အစိုးရမှ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းလျှော့ချပေးသည့် အမိန့်ကြော်ငြာစာ အမှတ် ၆၂ အား ဇွန်လက ထုတ်ပြန်ခဲ့သည့်အတွက် ဆန်တင်သွင်းသူများ၏shipment delay များ ဖြစ် ပေါ်ခဲ့မှုကြောင့်ဖြစ်သည်။
လက်ရှိ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နေ သည့် နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံသည် ထိပ် တန်းနိုင်ငံအဖြစ် ပထမနေရာတွင် ဆက်လက်ရပ် တည်နေပြီး ဆန်တင်သွင်းမှု စုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ဒုတိယ နေရာ၊ ပါကစ္စတန်မှ တတိယနေရာနှင့် မြန်မာ နိုင်ငံမှ စတုတ္ထနေရာတို့တွင် အသီးသီးရပ်တည် လျက်ရှိသည်။
အယ်လ်နီညိုနှင့်လာနီညာသက်ရောက်မှုများ ကြောင့် ပြည်တွင်းဆန်စိုက်ပျိုးထွက်ရှိမှုနှုန်းများ ကျဆင်းနိုင်သည့်အတွက် ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန်ကြီးဌာနမှလည်း ပြည်တွင်းဆန်ကုန်သည်ကြီး များနှင့် ဆန်တိုးမြှင့်တင်သွင်းရန် သဘောတူညီမှု များရှိနေကြောင်း သိရသည်။
ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့။
Source; https:// www.bworldonline.com/economy/2024/07/04/606329/phl-rice-imports-seen-at-...