နယ ်စပ် အရောင်းအဝယ်ပုံမှန်ဖြစ် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ကလည်း ၈၃၉ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ပဲတီစိမ်းမှာအရောင်းအဝယ်မှာပုံမှန်ဖြစ် လျက်ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်မှုက ၂၄၄ တန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၃ဝ၇ သန်းဖိုးတင်ပို့ နိုင်ခဲ့သေးတယ်လို့သိရပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးများမှ ထွက်ရှိတဲ့ ပဲတီစိမ်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေခြင်းဖြစ်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ယခုအပတ်မှာ မိမိဖက်မြေပြင်ပေါက်ဈေးဟာ ကျပ် တစ်သိန်းကျော်မြင့်တက်လျက်ရှိသလို တစ်ဖက်နိုင်ငံပေါက်ဈေးမှာလည်း ယွမ် ၂ဝဝ ဒေါ်လာအားဖြင့် ၂ဝ ဒေါ်လာမြင့် တက်လျက်ရှိတယ်လို့သိရပါတယ်။ ယခု အပတ်နဲ့ယခင်အပတ် နယ်စပ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁၁၁၈ဝ၈၈ ၁ဝဝ၉၂၄၇ ၁ဝ၈၈၄၁ ၁ဝ ၁၂၄၇ ၁၂၁၇ ၃ဝ ၂MIRT (DOBT)
Background