Main menu

Background

ပြည်ပပို့ကုန် အမယ်သစ် ရဲယိုထန်းရည် ရှလကာရည်

Mon, 09/02/2024 - 12:23 -- journal_editor

သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သော ရဲယိုပင် သည် ကျန်းမာရေးအတွက် များစွာအကျိုးပြုလေသည်။ အထူး သဖြင့် ရဲယိုသီး၊ ရဲယိုရွက်များသည် သဘာဝအတိုင်းစားသုံးခြင်း၊ ရောစပ်ပြုပြင်၍ ဆေးအဖြစ် ပြုပြင်စားသုံးခြင်းများဖြင့် ကျန်းမာ ရေး ကောင်းကျိုးများစွာ ရရှိနိုင်သည်။ 
ရဲယိုသီး၊ ရဲယိုရွက်များနှင့်ပတ်သက်၍ ထင်ရှားစွာ သက် သာစေသော ရောဂါဝေဒနာများမှာ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းများကို လျော့ကျစေခြင်း၊ ကိုယ်ခံအားကောင်းစေ ခြင်း၊ ကျန်းမာစေသည့်ဆဲလ်များကို ပိုမိုထုတ်လုပ်နိုင်ပြီး အကျိုး မပြုသည့် ဆဲလ်များကို သေစေနိုင်ခြင်း၊ ကင်ဆာဆဲလ်များကို ဟန့်တားစေနိုင်ခြင်း၊ အကြောအားနည်းပြီး အရိုးအဆစ်ရောင် ရမ်းခြင်းနှင့် ကျီးပေါင်းရောဂါ ခံစားမှုများကို ပျောက်ကင်း သက် သာစေခြင်း၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်ရောဂါများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊   သွေးသွန်ရောဂါများ ပျောက်ကင်းစေခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်း အစရှိသည့်  ရောဂါများအပြင်   အခြားရောဂါများစွာကိုလည်း ပျောက်ကင်းသဖြင့်  ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိသည်။ 
ရဲယိုသီးနှင့် ရဲယိုရွက်ကို ပုံစံမျိုးစုံနှင့် သဘာဝအတိုင်း စားသုံးကြသည့်အပြင် ပိုမိုလွယ်ကူစွာ စားသုံးနိုင်ရန် ရဲယိုသီး ဖျော်ရည်၊ ရဲယိုသီးဆေးတောင့်၊ ရဲယိုပျားရည် စသည်ဖြင့် နည်း ပညာများနှင့် ပေါင်းစပ်အသုံးပြု၍ ထုတ်လုပ်လာကြသည်။  ယခု အခါ ပြည်တွင်းစားသုံးမှု သာမက ပြည်ပသို့ တင်ပို့နိုင်သည့် ရဲယို ထန်းရည် ရှလကာရည်အကြောင်း  ရေးသားလိုက်ရပါ သည်။
ရဲယိုထန်းရည် ရှလကာရည်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ  စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး သဘာဝအတိုင်း ရရှိသော ပစ္စည်းများနှင့် ပြုလုပ်ထားပြီး အရက်၊ သကြား လုံးဝ အသုံးမပြုထားကြောင်း သိရသည်။ ရဲယိုထန်းရည် ရှလကာရည် မှာ သဘာဝအတိုင်းရသော ထန်းရည်စစ်စစ်နှင့် ရဲယိုသီးများကို ပေါင်းစပ်ရောနှောခြင်း ဖြစ်သည်။ ပထမဦးစွာ ထန်းရည်များနှင့် ရဲယိုသီးများကို စုဆောင်းရသည်။  ထန်းရည်များကို အရည် အသွေးပြည့်မီစေရန် စစ်ဆေးပြီး သန့်စင်ထားသော ဆေးရည် များကို ပိုးသတ်ထားသော စဉ့်အိုးများထဲသို့ထည့်၍ သုံးလခန့် ကြာအောင်ထားပြီး အချဉ်ဖောက်ရသည်။ ထိုနည်းတူစွာ ရဲယို သီးများကိုလည်း  သန့်စင်အောင်ပြုလုပ်၍  စဉ့်အိုးများတွင် ထည့် ပြီး သုံးလခန့်ကြာအောင် ထားရသည်။ ထို့နောက် ထိုနှစ်မျိုးကို ရောစပ်ကာ စဉ့်အိုးများကို အလုံပိတ်၍ အချိန် ခြောက်လခန့်ကြာ အောင် သိုလှောင်ပြီး သဘာဝနေရောင်ပြရသည်။ နေရောင်ခြည် ကို မပြင်းလွန်း၊ မနိမ့်လွန်းစေရန် သစ်ရိပ် ဝါးရိပ်များနှင့် အပူချိန် ကို သဘာဝအတိုင်း ထိန်းညှိထားခြင်းဖြစ်သည်။ စုစုပေါင်းအချိန် ကိုးလကြာပြီးနောက်  ကိုရီးယားနည်းပညာဖြင့်  ပေါင်းစပ်၍ ရဲယိုထန်းရည် ရှလကာရည်ကို ထုတ်လုပ်သည်။             ကျန်းမာရေးဓာတ်စာအဖြစ် လူသားအကျိုးပြု ရည်ရွယ် ထုတ်လုပ်သော ရဲယိုထန်းရည် ရှလကာရည်မှာ ဥပဒ်ဖြစ်စေ သော ဘေးထွက်ဆိုးကျိုးမပါရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ အစာများ ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေ၍ အိပ်ကောင်းခြင်း၊ အစာချေခြင်းကို ကူညီပေးခြင်း၊ ဝမ်းချုပ်ခြင်းမှ   ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါနှင့်   ဆီးချို ရောဂါကို ထိန်းပေးခြင်း၊ ကိုလက်စထရောအဆီ   ကျစေခြင်း၊ အာဟာရဓာတ်များစွာ   ပါဝင်စေခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများကို ရရှိ  စေသည်။ 
ယခုအခါ   ရဲယိုထန်းရည်ရှလကာရည်မှာ ပြည်တွင်း စားသုံးခြင်းသာမက ပြည်ပသို့ပါ တင်ပို့နေပြီဖြစ်သည်။ ပထမဆုံး အနေဖြင့် ကိုရီးယားနိုင်ငံသို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း သိရှိ ရသည်။                                                                                   

 

CJ