ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်တွင်း စားသုံးဆီ ဖူလုံမှုရှိစေရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံ တော်မှလည်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက် သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပ သို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ဦးတည်ချက် ထား၍ ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းရှိ ဆီစက်များအားလုံး စွမ်းအားပြည့် လည် ပတ်နိုင်ရေးအတွက် ကုန်ကြမ်းဖြစ်သော ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်များ အရည် အသွေး ကောင်းမွန်သောဆီများ ထုတ်လုပ်နိုင်ရန် အဆင့်မီဆီ စက်များ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်သစ်များ ထပ်မံ တည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်း တို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ဆီစက်လုပ်ငန်းရှင်များအား အတိုးနှုန်းသက်သာစွာ ဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်းလည်း ဆောင်ရွက်လျက်ရှိ သည်။
မကွေးတိုင်းဒေသကြီးတွင် မြေပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံ များကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ဆီထွက်သီးနှံအထွက်နှုန်း ပိုမိုရရှိရေးနှင့် စား သုံးဆီ ဖူလုံစေရေးတို့အတွက် တစ်နှစ်ထက်တစ်နှစ် ရာသီ အလိုက် တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုမှတ်ပုံတင်ထားပြီး လုပ်ငန်း လည်ပတ်လျက်ရှိသည့် ဆီစက်စာရင်းများအနေဖြင့် အကြီး စား ၅၃ စက်၊ အလတ်စား ၂၃၈ စက်နှင့် အငယ်စား ၂၈၀ စက် စုစုပေါင်း ဆီစက် ၅၇၁ စက်ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် အရည်အသွေး ကောင်းစားသုံးဆီများ ထုတ်လုပ်ရန် ရည်ရွယ်၍ ပြည်တွင်းဆီစက်များ အဆင့်မြှင့် တင်ခြင်းနှင့် ခေတ်မီဆီစက်များ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ကို လည်း အဖွဲ့ခေါင်းဆောင်အဖြစ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပြီး ဆီ စက်ချေးငွေ အဆိုပြုလွှာတင်ပြလာသော ဆီစက်လုပ်ငန်းများ ကို ကွင်းဆင်းစစ်ဆေးနိုင်ရန်အတွက် ချေးငွေအဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အသစ်တည် ဆောက်မည့် ဆီစက်နှင့်အဆင့်မြှင့်တည်ဆောက်မည့် ဆီစက် များအတွက် တည်ဆောက်မည့်မြေနေရာ၏ မြေအမျိုးအစား အခြေအနေ၊ ပတ်ဝန်းကျင်အနေအထားနှင့် စက်မှုဇုန်အတွင်း တည်ရှိမှု ရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/မရှိ၊ အဆောက်အဦ ပုံစံဒီဇိုင်း၊ တပ်ဆင်အသုံးပြုမည့်စက်ပစ္စည်း များ၊ လိုအပ်သည့် သွင်းအားစု၊ ကုန်ကြမ်း၊ ဈေးကွက် ရရှိနိုင် မှုအခြေအနေ၊ မြေပြင်အခြေ အနေနှင့် ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ချေးငွေပမာဏနှင့် ဆီလျော်မှု ရှိ/မရှိ၊ လက်ရှိကုန်ထုတ်လုပ် မှုစွမ်းအား ပမာဏ၊ တိုးချဲ့ထုတ်လုပ်နိုင်မည့် အစီအမံ၊ ဈေး ကွက်ပိုမိုချဲ့ထွင်နိုင်မည့် အခြေအနေ၊ ထုတ်လုပ်မှု ကုန်ကျ စရိတ်၊ လက်ရှိတွင် နိုင်ငံတော်မှ ချေးငွေရယူထားခြင်း ရှိ/မရှိ နှင့် ရောင်းချရမှု ဝင်ငွေအခြေအနေများကို ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ရည်ရွယ်၍ လုပ်ငန်းလည်ပတ်မှုအခြေ အနေနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိ ရန် အလတ်စားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မကွေးမြို့၊ ရန်ပယ် (၁၉)လမ်းရှိ ဆီစက်လုပ်ငန်းတစ်ခုသို့ သွားရောက် လေ့လာရာ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အများဆုံး အသုံးပြုပြီး အရည်အသွေးပိုင်းကို အဓိကထား ထုတ်လုပ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီး ပေးလျက်ရှိကြောင်း သိရသည်။
ဆီစက်လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ရာ ၁၂ နှစ်ရှိပြီဖြစ်ကြောင်း၊ လုပ်သားအင်အား ရှစ်ဦးခန့်ရှိပြီး လိုအပ်သော ကုန်ကြမ်းများကို မကွေး၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်မြို့တို့ရှိ ပွဲရုံများမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန် ချောရောင်းအားပေါ် မူတည်ပြီးတစ်နှစ်လျှင် ကုန်ကြမ်းပိဿာ ချိန် လေးသိန်းခန့် ဝယ်ယူရကြောင်း၊ တစ်ကြိမ် ဝယ်ယူလျှင် လေးလ၊ ငါးလအထိ ကြိတ်ခွဲနိုင်ရန် ဝယ်ယူသိုလှောင်ထားပြီး သိုလှောင်ရုံအတွင်း သန့်ရှင်းသပ်ရပ်စွာ ထားသိုကြောင်း၊ ဝယ်ယူရရှိလာသော မြေပဲများကို အစိုဓာတ်နည်းစေရန် စနစ် တကျ နေလှန်း၊ ဆန်ခါချသန့်စင်ပြီး ကြိတ်ခွဲကြောင်း၊ တစ် ရက်လျှင် ဆီစက်တစ်လုံး ကြိတ်ရန်အတွက် ကုန်ကြမ်း (မြေပဲ ဆန်၊ နှမ်း၊ နေကြာ) တစ်မျိုးကြိတ်လျှင် ပိဿာ ၆၀ဝ လိုအပ်ပြီး တစ်ခါကြိတ်လျှင် ပိဿာ ၄၀ ခန့်ထည့်ရပြီး မိနစ် ၄၀ ခန့် ကြာ မြင့်ကြောင်း၊ ကုန်ချောအနေဖြင့် မြေပဲဆီဆိုလျှင် ၂၅၂ပိဿာ၊ နှမ်းဆီ ပိဿာ ၃၀ဝ၊ နေကြာဆီ ၁၉၂ ပိဿာထွက်ရှိပြီး ဆီစစ်ခုံ နှစ်လုံးဖြင့် အရည်အသွေး ပြည့်မီပြီး ရောင်းတန်းဝင် သည်အထိ အဆင့်ဆင့် စစ်ယူကြောင်း၊ ၎င်းဆီများကို ဆီကန် များထဲသို့ ထည့်ပြီးနောက် ၅၀ ကျပ်သား၊ တစ်ပိဿာ၊ သုံး ပိဿာ၊ ငါးပိဿာ၊ ၁၀ ပိဿာ ပုံးများဖြင့် ထုပ်ပိုး၍ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ်၂၀ဝ၀ဝ ဈေးနှုန်း ဖြင့် တစ်ရက်လျှင် ပျမ်းမျှပိဿာ ၂၀ဝ မှ ၅၀ဝအတွင်း ရောင်း ချရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ဝယ်ယူ စားသုံးသူများကို အိမ်အရောက် ဝန်ဆောင်မှုပေးသည့်အပြင် ရန်ကုန်၊ ကျိုက်လတ်၊ ပုသိမ်၊ ဟင်္သာတ၊ နေပြည်တော်မြို့များသို့ အဓိက တင်ပို့ရောင်းချရကြောင်း သိရသည်။
ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များ ကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်လုပ်သည့် ှကစစူပ ဃ့ငေည တစ် လျှောက်တွင်ရှိသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ချေးငွေ၊ မျိုးစေ့၊ ရေနှင့် ဓာတ်မြေသြဇာ၊ သွင်း အားစုများ အချိန်မီရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်း၍ ဆောင် ရွက်ရမည်ဖြစ်သည်။ သို့မှသာ ဆီစက်များစွမ်းအားပြည့် လည် ပတ်ကြိတ်ခွဲနိုင်ပြီး ဆီစက်လုပ်ငန်းများ တိုးတက်လာမည်ဖြစ် သည်။ ဆီကြိတ်ခွဲထုတ်လုပ်မှုမှ စားသုံးဆီများအပြင် ဆီကြိတ် ဖတ်များရရှိပြီး တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုကြ၍ မွေးမြူရေးလုပ်ငန်းများအတွက်လည်း တိရစ္ဆာန်အစာ ဖူလုံမှုရှိ စေသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးခြင်းမှသည် ကုန် ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ကာ မွေးမြူရေးလုပ်ငန်းများအထိပါ အကျိုး ကျေးဇူးများစွာ ခံစားရရှိစေမည်ဖြစ်သည်။
ဆီစက်လုပ်ငန်းရှင်များဘက်မှလည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်စင် သည့် စားသုံးဆီများရရှိရေး၊ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် အရည်အသွေး ပြည့်မီသည့်ဆီများ ထုတ်လုပ်လာစေရေး၊ ဈေးကွက်တွင် ရေရှည်တည်တံ့စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဆီထွက် သီးနှံကုန်ကြမ်းများကို အပြည့်အဝ အသုံးချပြီး ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ဒေသတွင်း ဆီလိုအပ်ချက်ကို လုံလောက်ရုံသာမက အခြားဒေသများသို့ ရောင်းချ ပေးခြင်း၊ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ သို့မှသာ လူမှုစီးပွားဘဝများ အဆင်ပြေလာမည်ဖြစ်ပြီး သလို နိုင်ငံ့စီးပွား မြှင့်တင်ရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ရဲမင်းသာ (မကွေး)