Main menu

Background

စက်တင်ဘာလအတွင်း တောင်ကိုရီးယာ၏ ပို့ကုန်တင်ပို့မှုတိုးတက်လာခဲ့

Mon, 10/07/2024 - 15:39 -- journal_editor

တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာနက  အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ    ကုန်သွယ်မှုကိန်း ဂဏန်းများအရ     တောင်ကိုရီးယား နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် တိုးတက်တင် ပို့နိုင်ခဲ့သည်မှာ ၁၂ လဆက်တိုက် ရှိပြီ ဖြစ်‌ကြောင်း သိရသည်။ 
နိုင်ငံ၏  အဓိကပို့ကုန်ဖြစ်သည့် ချစ်ပ်ပြားများ တင်ပို့မှု မြင့်မားလာသည့် အတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ တင်ပို့မှုသည်   ယခင်နှစ်အလားတူ ကာလကတင်ပို့မှုပမာဏထက် ၇ ဒသမ ၅ ရာခိုင်နှုန်း   မြင့်မားကာ ဝင်ငွေစုစု ပေါင်း အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၇ ဘီလီယံရရှိခဲ့ကြောင်း၊ သွင်းကုန်တင် သွင်းမှုသည်လည်း  ယခင်နှစ်အလားတူ ကာလကထက် ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်မားခဲ့သော်လည်း  ပို့ကုန်တင်ပို့မှု သည်   သွင်းကုန်တင်သွင်းမှု  ပမာဏ ထက် ပိုမိုခဲ့သည့်အတွက်   အမေရိကန် ဒေါ်လာ ၆ ဒသမ ၆၆ ဘီလီယံ ပိုငွေပြခဲ့ ကြောင်း၊ ယင်းသို့ ကုန်သွယ်မှုပိုငွေပြခဲ့ သည်မှာ ၁၆ လဆက်တိုက်   ရှိပြီဖြစ် ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။
ကဏ္ဍအလိုက် တိုးတက်တင်ပို့ နိုင်မှုကို  ဖော်ပြရာတွင် ချစ်ပ်ပြားများ တင်ပို့မှုသည် ၃၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားလာပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ    တိုးတက်ရရှိခဲ့ပါ ကြောင်း၊ ယခင်နှစ် အလားတူကာလက တင်ပို့မှုထက်  တိုးတက်လာခဲ့သည်မှာ ၁၁ လဆက်တိုက်ရှိပြီ  ဖြစ်ကြောင်း၊Smart Phonesအသစ်များ ထုတ်လုပ် ရောင်းချခြင်းနှင့်  ဉာဏ်ရည်တု ဝန် ဆောင်မှု   (Artificial Intelligence Services) ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊  စက်တင်ဘာလအတွင်း ကမ္ဘာ့ဈေးကွက်တွင်DRAM  နှင့် NAND (PC  ကွန်ပျူတာ၊ serve နှင့်smartphone  များတွင် အသုံးပြုသည့်High-Volume, Commodity Memory Semi-Com- ponents)) ပစ္စည်းဈေးနှုန်းများ မြင့်မား နေခြင်းတို့ကြောင့်လည်း ပို့ကုန်ဝင်ငွေ ကို မြင့်မားစေကြောင်း၊ ကားများတင်ပို့ ရမှုလည်း ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်မား လာပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ယခင် နှစ် စက်တင်ဘာလက ရုံးဖွင့်ရက်များ နှင့် နှိုင်းယှဉ်လျှင် ရုံးဖွင့်ရက်နည်းသော် လည်း  မြောက်အမေရိကဈေးကွက်မှHybrid Models  ကားများကို ဝယ်လို အားများလာသည့်အတွက် တင်ပို့မှု ဝင် ငွေမြင့်မားလာကြောင်း၊ ဓာတ်ငွေ့ရည် တင်သည့် သင်္ဘောများ အပါအဝင်  အဆင့်မြင့်သင်္ဘောများ၊ ကွန်ပျူတာ များ၊ Smartphone  များ တင်ပို့မှုလည်း မြင့်မားခဲ့ကြောင်း၊ အထူးသဖြင့် တရုတ် နိုင်ငံ၊  အမေရိကန်ပြည်ထောင်စုနှင့် အီးယူနိုင်ငံများသို့ တင်ပို့မှု မြင့်မားခဲ့ ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။ 
သို့သော် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း များ ကျဆင်းသည့်အတွက် ရေနံထွက် ပစ္စည်းများ  တင်ပို့မှု ဝင်ငွေကျဆင်းခဲ့ ကြောင်း၊ စတီးလ်တင်ပို့မှုလည်း ကျ ဆင်းခဲ့ကြောင်း၊ ကမ္ဘာ့စတီးလ်ဈေးကွက် တွင်  ယှဉ်ပြိုင်နိုင်မှု  မြင့်မားနေသည့် အတွက်   တင်ပို့မှု ကျဆင်းခြင်းဖြစ် ကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်တင်ပို့ မှုနှင့်စပ်လျဉ်းသည့်  စိုးရိမ်စရာများ (အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံ ရေးရာ  မသေချာ   မရေရာမှုများနှင့်  အမေရိကန်ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် ဆန္ဒပြ မှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစား ၍) ဂရုတစိုက်   ဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ အရေးပေါ်အခြေအနေ ကြုံ  တွေ့လာရပါက အစိုးရသည် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်း၍ အထူးစောင့်ကြည့် ရေးအဖွဲ့ ဖွဲ့စည်းကာ ပို့ကုန်တင်ပို့မှု အပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများကို လျှော့ချသွားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး  Mr. Ahn Duk-geun က ‌ပြောကြားခဲ့ သည်။

https://www.koreatimes.co.kr

ပပ၊ စီးပွားရေးသံမှူး
တောင်ကိုးရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့။