Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ စက်တင်ဘာလထိ ဆန်တင်သွင်းမှု မက်ထရစ်တန်ချိန် သုံးသန်းခန့်အထိ ရောက်ရှိ

Mon, 10/07/2024 - 15:42 -- journal_editor

    ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ဆန်တင်သွင်းမှုသည် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၅ ရက်ထိ မက်ထရစ်တန်ချိန် ၂ ဒသမ ၉ သန်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပြီး ၂ ဒသမ ၂၆ သန်းမှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ၃၈၃၂၃၀ ဒသမ ၇၄ မက်ထရစ်တန်ဖြင့် ဒုတိယ နေရာ၊ ပါကစ္စတန်နိုင်ငံမှ ၁ ၅၆၂၄၄ ဒသမ ၄၈ မက်ထရစ်တန်ဖြင့် တတိယနေရာ၊  မြန်မာမှ ၆၇၃၁၅ မက်ထရစ်တန်ဖြင့် စတုတ္ထနေရာနှင့် အိန္ဒိယမှ ၂၁၉၁၀ ဒသမ ၅၄ မက်ထရစ်တန်ဖြင့် ပဉ္စမနေရာမှ လည်း ကောင်း အသီးသီးရပ်တည်လျက်ရှိကြောင်း Bureau of Plant and Industry  မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရသည်။ 
အမိန့်ကြော်ငြာစာအမှတ် ၆၂ ဖြင့် ထုတ်ပြန်ခဲ့သည့် ဆန်တင်သွင်း မှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းအား  ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခြင်း အကျိုးသက်ရောက်သည့် ၂၀၂၄ ဇူလိုင် ၇ ရက်နေ့နောက်ပိုင်းမှစ၍ ဆန်တင်သွင်းမှုများ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ဆန်တင်သွင်းမှုပမာဏ ၃၆၁၇၂၄ ဒသမ ၂၀ မက်ထရစ်တန်ရှိပြီး ပုံမှန်တင်သွင်းနေကျပမာဏဖြစ်သော ၃၉၀ဝ၆၅ ဒသမ ၉၃ မက်ထရစ်တန်ထက် လျော့နည်းခဲ့ပါကြောင်း၊ Bureau of Plant and Industry-BP မှ ထုတ်ပြန်ချက်အရBLY Agri Venture Trading  မှ မက်ထရစ်တန်ချိန် ၂၀ဝ၉၄၆ ဒသမ ၉၉၊ Orison Free Enterprises Inc;   မှ မက်ထရစ်တန်ချိန် ၁၆၆၀၉၅ ဒသမ ၄၅၊Macman Rice and Corn Trading  မှ မက်ထရစ်တန်ချိန် ၁၃၅၁၆၃ ဒသမ ၃၀ တို့ကို အသီးသီး တင် သွင်းထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 
ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှSanitary and Phytosanitary Import Clearances (SPSICS) ပေါင်း ၆၆၃၇ ထုတ်ပေးထားခဲ့ပြီးဖြစ်ပြီး ဆန်တင် သွင်းမှုပမာဏ မက်ထရစ်တန်ချိန် ၆ ဒသမ ၈၃ အတွက် လွှမ်းခြုံမှုရှိပါ ကြောင်း ဖော်ပြထားသည်။ ပြည်ပမှ ဆန်တင်သွင်းမည်ဆိုပါက ဆန်တင် သွင်းသူများအနေဖြင့် ဦးစွာSPSICS  အားရယူရမည်ဖြစ်ပြီး ထိုသို့ တင် သွင်းလာမှသာ လူနှင့် တိရစ္ဆာန်တို့စားသုံးရန် သင့်တော်မည်ဖြစ်သည့် အာမခံချက်ရှိသည်။
အစိုးရအနေဖြင့်လည်း ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် မျှော်လင့်လျက်ရှိပါကြောင်းနှင့် မြို့တော် မက်ထရို မနီလာဈေးကွက်၊ ၂၀၂၄ စက်တင်ဘာ ၁၃ ရက်နေ့၏ imported well-milled rice ဈေးနှုန်း မှာ တစ်ကီလိုလျှင် ပီဆို-၄၈ဒသမ၅ (အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆)၊ ငာစimported well-milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၄၂ (အမေရိကန်ဒေါ်လာ သုည ဒသမ ၇၅) ဖြစ်ပြီး local  well-milled riceဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို- ၅၀ (အမေရိကန်ဒေါ်လာ သုည ဒသမ ၉)၊ Local Regular milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၄၈ (အမေရိကန်ဒေါ်လာ သုညဒသမ၈၅) တို့ အသီးသီးဖြစ်ခဲ့သည်။

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့။