Main menu

Background

တောင်ကိုရီးယားနိုင်ငံ၌ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ဈေးနှုန်းကျဆင်းလာ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ထုတ်လုပ်သူဈေးဆနှုန်းကိန်း ကျဆင်းခဲ့

Mon, 10/07/2024 - 15:45 -- journal_editor

တရုတ်နိုင်ငံ၏ စီးပွားရေး အားနည်းနေခြင်းနှင့် အီးယူ နိုင်ငံများ၏ အားရဖွယ်မရှိသည့် စီးပွားရေး အခြေအနေများ ကြောင့် ရေနံစိမ်းဝယ်လိုအားအပေါ် စိုးရိမ်မှုများရှိလာသည့် အတွက်  ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်။ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံတွင်း ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဈေးနှုန်း  ကျဆင်းလာခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် သြဂုတ်လ အတွင်း လယ်ယာထွက်ကုန်အပါအဝင် အခြားသောကုန်စည် များ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာလာခဲ့ပြီး ရောင်းချ သည့် ကုန်စည်များဈေးနှုန်းလည်း ကျဆင်းခဲ့သည်ဟု တောင် ကိုရီးယားနိုင်ငံဗဟိုဘဏ်က စက်တင်ဘာ ၂၄ ရက်တွင် ထုတ် ပြန်ကြေညာခဲ့သည်။
ငွေကြေးဖောင်းပွနှုန်းကို တိုင်းတာရာတွင် အဓိကကျ သည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (Producer Price Index- PPI) သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်၊ လအလိုက် Producer Price Index- PPI)ကို နှိုင်းယှဉ် ရာတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၏  Producer Price Index- PPI)သည် ဇွန်လကထက် သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်မားခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၏ Producer Price Index- PPI) သည် ဇူလိုင်လကထက် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်မှ ကနဦးထုတ်ပြန်ထားသည်၊  
ယင်းသို့Producer Price Index- PPI) ကျဆင်းခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၏ ငွေကြေးဖောင်းပွနှုန်းသည် ၃ နှစ်ခွဲ ကာလ အတွင်း အနိမ့်ဆုံးနှုန်းအထိ နှေးကွေးခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း နှစ်အလိုက် Producer Price Index- PPI) ကို တွက် ချက်ရာတွင် ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားနေဆဲဖြစ်သည်။ 
Source: https://www.koreatimes.co.kr

ပပ၊ စီးပွားရေးသံမှူး
တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့