Main menu

Background

တရုတ်တွင် ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကြောင့် အိမ်ခြံမြေရှယ်ယာများ မြင့်တက်

Mon, 10/07/2024 - 16:02 -- journal_editor

တရုတ်နိုင်ငံတွင် အိမ်ခြံမြေနှင့် ပတ်သက်ပြီး   ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ခြင်းကြောင့် အိမ်ခြံ မြေ  ရှယ်ယာများ သိသိသာသာ မြင့် တက်လာခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်က အောက်တိုဘာ ၁ ရက်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံအစိုးရ၏ ပေါ်လစ် ဗျူရိုအနေဖြင့်    အိမ်ခြံမြေဈေးကွက် ကျဆင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းပေးရန် ကတိပြုခဲ့ပြီး မကြာမီမှာ ပင်  တရုတ်နိုင်ငံ၏ ပထမတန်းအဆင့်ရှိ မြို့ကြီးများတွင် အိမ်ဝယ်ယူမှု ကန့် သတ်ချက်များကို   ဖြေလျှော့ပေးလိုက် ခြင်းဖြစ်သည်။ တရုတ်အစိုးရ၏ ပေါ် လစ်ဗျူရိုက ထိုကဲ့သို့ ဖြေလျှော့ပေးပြီး နောက် အောက်တိုဘာ ၁ ရက်မှစတင် ပြီး တရုတ်  အိမ်ခြံမြေလုပ်ငန်းများ၏ ရှယ်ယာများမှာ ရုတ်တရက် မြင့်တက် လာခဲ့ကြောင်း သတင်းတွင်  ဆက်လက် ဖော်ပြထားသည်။
ဟောင်ကောင်ရှိ    အိမ်ခြံမြေ အညွှန်းကိန်းမှာ  ၁၀ ရာခိုင်နှုန်းကျော် ခုန်တက်သွားကြောင်း၊   ပြည်မကြီး၏  CSI 300  အိမ်ခြံမြေ အညွှန်းကိန်းမှာမူ ၉ ရာခိုင်နှုန်း နည်းပါးအထိ မြင့်တက် လာခဲ့ကြောင်းသိရသည်။ ထို့ပြင် တရုတ် နိုင်ငံတော်ဗဟိုဘဏ်သည် ကိုဗစ်(၁၉) ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ယခု ဖြေ လျှော့မှုမှာ အကြီးမားဆုံး ဖြေလျှော့မှု ဖြစ်ကာ   အောင်မြင်မှု  ရရှိခဲ့ကြောင်း တရုတ် အိမ်ခြံမြေလောကသားများက ပြောသည်။
ရှန်ကျန်းအခြေစိုက်Kaisa Group  နှင့် Fantasia  တို့မှာ ၃၂ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ  အသီးသီး မြင့် တက်ခဲ့ပြီး ကွမ်ကျိုးအခြေစိုက်R&F Propertiesမှာမူ ၂၀ ရာခိုင်နှုန်း မြင့် တက်ခဲ့သည်ဟုဆိုသည်။ ထို့ပြင် ရှန် ကျန်းမှ Vanke ရှယ်ယာများလည်း  ၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရှန်ဟိုင်းစာရင်းဝင်Greeland  ကမူ  ၁၀ ရာခိုင်နှုန်း တိုးလာကြောင်း သတင်း တွင် ဖော်ပြထားသည်။
Source; Reuters

 

စိုင်းဗညား