Main menu

Background

စီးပွားရေးဖွံ့ဖြိုးမှု လျင်မြန်စွာ ကြီးထွားလာရန် အိန္ဒိယ မျှော်မှန်းထား

Mon, 10/07/2024 - 16:09 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ စီးပွားရေးမှာ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း CNBC သတင်းဌာန၏ မေးမြန်းချက်ကို အိန္ဒိယဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၁ ရက်တွင် ဖြေကြားခဲ့သည်။ 
"ကျွန်တော်တို့ရဲ့ ဒီနှစ်အတွက် လက်ရှိ အကဲဖြတ်မှုမှာ မူလက ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်းပဲ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုအတွက် ယုံကြည်ချက် ရှိနေပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်က အလွန် အားကောင်းနေပါတယ်" ဟု Shaktikanta Das က CNBC အတွက် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။ 
Shaktikanta Dasသည် India Reserve Bank ၏ လက်ရှိ ၂၅ ယောက်မြောက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။     ၎င်းသည်G-20  တွင် ၁၅ ယောက်မြောက် ဘဏ္ဍာရေးကော်မရှင်နှင့် အိန္ဒိယSherpa  အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ 
အိန္ဒိယနိုင်ငံဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသော စားသုံး သူ အသုံးစရိတ်သည် ယခင်သုံးလပတ်တွင် ၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ျေီ က ထောက်ပြခဲ့ သည်။ အလားတူ ဆောက်လုပ်ရေး လုပ်ငန်းသည်လည်း ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆက်လက်တိုးချဲ့ခဲ့သည်။ မုတ်သုံ နှောင့်နှေးမှုကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍသည်  ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း တည်ငြိမ် ကောင်းမွန်မှု ရှိရန် ဆက်လက်ကြိုးပမ်းရဦးမည် ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေး  နှေးကွေးစေသည့် အဓိက အကြာင်းရင်းတစ်ခုမှာ ရွေးကောက်ပွဲရာသီအတွင်း အစိုးရ အသုံးစရိတ်ကြောင့်ဖြစ်သည်ဟု သိရသည်။ ယင်းနောက်ပိုင်း တွင် ဗဟိုနှင့် ပြည်နယ်အစိုးရများက ဘတ်ဂျက်သုံးပြီး လိုက် နိုင်မည်ဟု မျှော်လင့်ထားကြောင်းShaktikanta Das က ဆက်လက်ပြောဆိုခဲ့သည်။Shaktikanta Da သည် အိန္ဒိယနိုင်ငံ၏ ကာလ တို တိုးတက်မှု အလားအလာအပေါ်  မိမိ၏ ယုံကြည်မှုကို စွဲကိုင်ထားရုံသာမကဘဲ နိုင်ငံ၏ GDP သည် နှစ်စဉ် ၇ ဒသမ ၅ ရာခိုင်နှုန်းထက်ပို၍ ကြီးထွားလာမည်ဟု မျှော်လင့်နေ သည်။ အိန္ဒိယနိုင်ငံသည် ၂၀၄၇ ခုနှစ်တွင် အလုံးစုံ ဖွံ့ဖြိုးတိုး တက်သော နိုင်ငံဖြစ်လာစေရန် မျှော်မှန်းထားသည်။ ယင်းမှာ လက်ရှိဝန်ကြီးချုပ်   မိုဒီအတွက်လည်း နိုင်ငံရေးအရ အရေး ကြီးသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်Narendra Modi  သည် နိုင်ငံ ၏ အီလက်ထရွန်နစ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅၅ ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ဝ အထိ တိုးမြှင့်စေလိုပြီး ယင်းတွင်  တစ်ပိုင်းလျှပ်ကူး လုပ်ငန်းသည် အဓိကကျသော အချက်ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ ပန်းတိုင်သည် လက်တွေ့ကျခြင်း ရှိ၊ မရှိကို စက်မှု ကျွမ်းကျင်သူများက ဝေဖန်ကြသည်။ သို့သော် အိန္ဒိယနိုင်ငံ သည် ဤလုပ်ငန်းကို စတင်ရန် ပြင်ပအကူအညီ လိုအပ်နေ သည်ဟု တညီတညွတ်တည်း ပြောဆိုနေကြသည်။
]]အိန္ဒိယအနေနဲ့  အမေရိကန်-တရုတ် တင်းမာမှုကို အခွင့်ကောင်းယူဖို့ အသင့်ရှိနေပါတယ်။ သို့ပေမယ့်လည်း China+1  အသွင်ကူးပြောင်းမှု အတွက်ကိုတော့ နှစ်နဲ့ချီ ကြာ မြင့်နိုင်ပါတယ်။ အဲဒါက ငါးနှစ်၊ ၁၀ နှစ်၊ ဒါမှမဟုတ် ၁၅ နှစ်လည်း ကြာမြင့်နိုင်ပါတယ်}}ဟု JPMorgan Chase အမှု ဆောင်အရာရှိချုပ် Jamie Dimon   က  CNBC-TV18  သို့ ပြောကြားခဲ့သည်။                                

 Source; CNBC

စိုင်းဗညား