Main menu

Background

ျြွှုဃှ အဖွဲ့တွင် ပါဝင်ရန် မိတ်ဖက်နိုင်ငံများကို ဖိတ်ခေါ်

Tue, 11/05/2024 - 12:47 -- journal_editor

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးစွာ ပါဝင်ဖွဲ့စည်းထားသည့်  ပွင့်လင်း၍ အစိုးရပိုင်းက အလုံးစုံ လွှမ်းခြုံပါဝင် သော     ယန္တရားတစ်ရပ်ဖြစ်သည့်BRICS အဖွဲ့တွင် ပါဝင်ရန် မိတ်ဖက် နိုင်ငံများကို  ဖိတ်ခေါ်ထားကြောင်း geopoliticaleconomy.com သတင်း ဌာန၏   အောက်တိုဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အရှေ့တောင်အာရှမှ အင်ဒိုနီး ရှားနိုင်ငံ အပါအဝင် အခြားသော စိတ်တူကိုယ်တူရှိမည့် မိတ်ဖက်နိုင်ငံ များကို     လှိုက်လှဲစွာကြိုဆိုကြောင်းBRICS  အဖွဲ့ဝင်နိုင်ငံများကိုယ်စား တရုတ်နိုင်ငံခြားရေးဝန်ကြီးက  ဖိတ် ခေါ်ထားခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင် အင်ဒိုနီး ရှားနိုင်ငံအနေဖြင့်BRICS အဖွဲ့တွင် ပါဝင်ရန်  စိတ်ပိုင်းဖြတ်ထားကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏   အကျိုးစီးပွား အလို့ငှာ ရပ်တည်ပေးသည့် မဟာဗျူ ဟာမြောက် ပလက်ဖောင်းတစ်ခုအဖြစ်BRICS အဖွဲ့ကို ရှုမြင်ကြောင်း အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး Sugiono  က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ 
အင်အားကြီး  နိုင်ငံများနှင့် ဖွဲ့ စည်းထားသည့်BRICS  သည် စည်းလုံး ညီညွတ်မှုနှင့်  ပူးပေါင်းဆောင်ရွက်မှု တို့ကို  မြှင့်တင်ကာ  ဘုံအကျိုးစီးပွား ထိန်းသိမ်းရာတွင် ထွန်းသစ်စဈေးကွက် များနှင့်   ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော  ပလက်ဖောင်းတစ်ခု ဖြစ်ပြီး စီးပွားရေးနှင့် နိုင်ငံရေးရာများ တွင်  ခိုင်မာသော အင်အားတစ်ရပ် အဖြစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည် ဟု ၎င်းက ပြောဆိုခဲ့သည်။ 
BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊  တရုတ်နှင့်  တောင်အာဖရိက နိုင်ငံတို့ဖြင့်  ဦးစွာ ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။ ၎င်းအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လက အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည် ထောင်စုတို့ကို အဖွဲ့ဝင်နိုင်ငံများအဖြစ်  ဖိတ်ခေါ်ခဲ့ရာ  ယင်းနိုင်ငံများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်BRICS ၏ တရားဝင်  အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာ ခဲ့သည်။ 
ထို့ပြင်   အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်၊  ဘိုလီဗီးယား၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မလေး ရှား၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ တူကီယေး၊ ယူဂန်ဒါ၊ ဥဇဘတ်ကစ္စတန်နှင့် ဗီယက် နမ်နိုင်ငံတို့ကိုလည်းBRICS ၏ အဖွဲ့ ဝင်နိုင်ငံများအဖြစ် လက်ခံရန် အဆင် သင့်ဖြစ်နေကြောင်း သိရသည်။
Source:geopoliticaleconomy.com

 

စိုင်းဗညား