ကမ္ဘာ့ ကော်ဖီဇာတ်ခုံ ပေါ်တွင် နံပါတ်(၁)နေရာကို ရယူထားသည့် Starbucks သည် သံလွင်ဆီ ပါဝင်သည့် ကော်ဖီများကို နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး ရောင်း ချတော့မည်ဖြစ်ကြောင်း CNN သတင်းတစ်ရပ်က အောက်တိုဘာ ၃၀ ရက် တွင် ရေးသားဖော်ပြထားသည်။
Starbucks ၏ သံလွင်ဆီကော်ဖီကို နိုဝင်ဘာလဆန်းပိုင်းတွင် အမေ ရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၌ ဦးစွာ စမ်းသပ်ရောင်းချပေးမည် ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။Starbucks ၏ လက် ရှိ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brian Niccol သည် လျော့ကျသွားသည့် ဖောက်သည်များ ပြန်လည်ရရှိရေးအတွက်Starbucks မီနူးအသစ်ကို ချပြ လိုက်ခြင်းဖြစ်သည်။
လတ်တလောကာလတွင် ကမ္ဘာအရပ်ရပ်၌ လူနေထိုင်မှုစရိတ်များ မြင့်တက်လာခြင်းကြောင့် စားသုံးသူများ၏ ဘတ်ဂျက်များ အခက်ကြုံနေရ သဖြင့် Starbucks ကော်ဖီ၏ ရောင်းအားမှာလည်း ကျဆင်းနေရခြင်း ဖြစ် ကြောင်း သိရသည်။
အီတလီ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့ရှိStarbucks ဆိုင်အချို့တွင်Oleato အချိုရည်များကို ရောင်းချနေဆဲဖြစ်ကြောင်း၊ သို့သော် မကြာမီကာလတွင် အမေရိကန်နှင့် ကနေဒါတို့တွင် ရောင်းချမည့် သံလွင်ဆီကော်ဖီကိုလည်း ရောင်းချနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြငညေ ငြခခသူ က ပြောသည်။
Starbucks၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားသည် ၂၀၂၄ ခုနှစ် ဇူလိုင် လမှ စက်တင်ဘာလအတွင်း ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း ကျဆင်းသွား ကြောင်းBrian Niccolက ဝန်ခံထားသည်။ ယင်းအခြေအနေများကို ပြန် လည်ကုစားနိုင်ရန်အတွက် သံလွင်ဆီကော်ဖီဖြင့် ပြန်လည်ထိုးဖောက်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံလွင်ဆီကော်ဖီတွင် အအေးခံထားသော espresso သံလွင်ဆီနှင့် oat နို့ပါသော လတ်တီးတစ်မျိုးတို့ ပါဝင်သည်ဟုဆိုသည်။Starbucks မှ ဆန်းသစ်လိုက်သည့် သံလွင်ဆီကော်ဖီသည် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brian Niccol က ထပ်လောင်း ပြောဆိုခဲ့သည်။
Source; CNN
စိုင်းဗညား