Main menu

Background

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ် ရရှိသူများ၏ တာဝန်များနှင့် အခွင့်အရေးများ

Tue, 12/03/2024 - 11:28 -- journal_editor

မည်သူမဆို  အွန်လိုင်းစနစ်ဖြင့်  ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်   လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ-၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို  ထုတ်ပြန်ခဲ့ပြီး အဆိုပါ နေ့မှာပင် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့်  ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် ခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့သည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည် မှာ  ၎င်းအမိန့်အရ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်း (ဥညူငညန)စနစ်မှတစ်ဆင့် ဝန်ဆောင်မှု‌ ပေး၍ရောင်းချသည့် လုပ်ငန်းကိုဆိုလိုကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားပြီး မှတ်ပုံတင်လက်မှတ် ရရှိသူသည် ရောင်းချ သော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ တာဝန် ယူ ဖြေရှင်းဆောင်ရွက်‌‌ပေးခြင်း၊ အရောင်းပြေစာ ပေးအပ် ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံ ချက်များ‌ပေးအပ်ခြင်း၊ ကျသင့်တန်ဖိုးနှင့် ညီမျှ သည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်း၊ ‌ပေးအပ်ထားသော သတင်းအချက်အလက်(သို့) အာမခံချက်များနှင့် ကိုက်ညီ မှုမရှိခြင်းကြောင့် စားသုံးသူ က ပြန်လည်အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည် အပ်နှံနိုင်သည့်ကာလတို့ကို သတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်   ဆောင်ရွက်ခြင်း၊  မှတ်ပုံတင် လက်မှတ်‌လျှောက်ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့) ဝန်ဆောင်မှု တစ်ရပ်ရပ်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ စားသုံးသူကို မထီမဲ့မြင်ပြုသော (သို့) စားသုံးသူ၏ ဂုဏ် သိက္ခာကို  ထိခိုက်စေသော ပြုမူပြောဆိုမှုကို ရှောင်ကြဉ် ခြင်း၊ ငွေပေးချေရန်နည်းလမ်းများနှင့် စပ်လျဉ်း၍ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ကုန် စည်ပို့ဆောင်မည့်  နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်းနှင့် ပို့ဆောင်မည့်နည်း လမ်းများအား ရွေးချယ်ခွင့်ပေးခြင်း၊ စားသုံးသူ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်အလက် (သို့)စားသုံးသူက မဖော်ပြ စေလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း  တစ်ရပ်ရပ်၏ ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ထုတ် ဖော်ခြင်းမပြုဘဲ ထိန်းသိမ်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကိုရည်ရွယ်၍ လည်း ကောင်း၊   အများပြည်သူ၏  တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို  ပျက်ပြားစေရန်ရည်ရွယ်၍ လည်းကောင်း၊ လှုံ့‌ဆော်ဟောပြော စည်းရုံးအားပေးမှုနှင့် ဆန္ဒဖော်ထုတ် မှုများ ပြုလုပ်ခြင်းကိုရှောင်ကြဉ်ခြင်း၊ မှတ်ပုံတင်လက်မှတ် ကို မိမိမှတစ်ပါး အခြားသူတစ်ဦးဦးထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်းကိုရှောင်ကြဉ်ခြင်း၊ ပွင့် လင်းမြင်သာမှုရှိစွာ ရောင်းချခြင်း၊ အစားအသောက်/ ဆေးဝါး/ဆေးပစ္စည်း /အလှကုန်ပစ္စည်းများနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ချမှတ် ထားသော  စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းသတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ခြင်း စသည့်အချက်များကို လိုက်နာရန် တာဝန်ရှိမည်ဖြစ်သည်။ 
ဆက်လက်၍    မှတ်ပုံတင်လက်မှတ်ရရှိသူသည် စားသုံးသူ၏ နစ်နာဆုံးရှုံးမှုသည်  မိမိ၏ ကုန်စည် (သို့) ဝန်ဆောင်မှုကြောင့် မဟုတ်လျှင် မိမိ၏နာမည်ကောင်းပြန် လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း၊ စားသုံးသူ၏တိုင် ကြားမှုတွင် ဥပဒေအရကာကွယ်ခုခံချေပခွင့်ရှိခြင်း၊ မိမိ၏  လုပ်ငန်းနှင့်စပ်လျဉ်း၍ တရားဝင် အရေးဆိုတင်ပြပိုင်ခွင့် ရှိခြင်း၊   ကုန်စည်(သို့)ဝန်ဆောင်မှုကို  ရောင်းချရာတွင် သဘောတူညီချက်၊  တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင်း(ဥညူငညန) စနစ်တွင် မှတ်ပုံတင် လက်မှတ်ပါအမည်ဖြင့်   ရောင်းချခွင့်ရှိခြင်း စသည့် အခွင့်အရေးများ  ရရှိမည်ဖြစ်ကြောင်း သိရှိရပြီး မှတ်ပုံတင်လက်မှတ်ရရှိသူအနေဖြင့် လိုက်နာရန် တာဝန် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခွင့် အာဏာ အပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေး ဦးစီးဌာနမှ မှတ်ပုံ တင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့်ဆိုင်းငံ့ခြင်း၊ မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်းစသည့် အမိန့်တစ်ရပ် ရပ်ကိုချမှတ်နိုင်ကြောင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင် လျှောက်ထားပြီး လုပ်ကိုင်ဆောင် ရွက်သူတိုင်းသိရှိရန်  လိုအပ်မည်ဖြစ်ကြောင်း  အသိပေး ရေးသားလိုက်ရပါသည်။

 

 ဝင်းလဲ့ဝါ (ပြည်)