၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အုပ်စု(အေ၊ ဘီနှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၃၉၆၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ပြပွဲ နဝမနေ့တွင် ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်း ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀)မှ အတွဲ အမှတ် (၄၈၀ဝ) အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၁၄ တွဲကို ရောင်း ချရကြောင်း ကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင် ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲ အတွဲပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက် အတွဲ ပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကို လည်းကောင်း၊ အုပ်စု (အေ နှင့် ဘီ ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ တွဲအနက်မှ ကျောက် စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၂၂၄၁ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်း မြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်း အချောထည် လုပ်ငန်းများဆောင်ရွက်လျက်ရှိသော ြှနြ လုပ် ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုတိုး