ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၅၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၁၁၂၆၅၆ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၅၃၈ ဒသမ ၂၁၁ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ယင်းနှစ်လတာကာလအတွင်း ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment(FMI) က အစုရှယ်ယာ ၁၆၆၃၈ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄၂ ဒသမ ၂၃၆ သန်း၊ Myanmar Thilawa SEZ Holdings Public (MTSHက အစုရှယ်ယာ ၆၂၄၆၈ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၀၄ ဒသမ ၅၇၈သန်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၂၆၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၀ ဒသမ ၆၇၈သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၃၄၆၉၆ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၆ ဒသမ ၃၂၂ သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH)က အစုရှယ်ယာ ၄၅၂၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃ ဒသမ ၉၈၃ သန်း၊ Ever Flow River Group Public(EFR) က အစုရှယ်ယာ ၁၅၅၂၈ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ၆၅၇ သန်း ရရှိခဲ့သည်။
ကိုတိုး