Main menu

Background

ဆိုလာခေါင်မိုးပါသည့်လျှပ်စစ်ကားကို တိုယိုတာ မိတ်ဆက်

Wed, 04/09/2025 - 12:35 -- journal_editor

ကမ္ဘာကျော်  မော်တော်ကား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တိုယိုတာ သည်  ဆိုလာခေါင်မိုးပါသည့် သေး ငယ်သော လျှပ်စစ်(EV)ကားကို ထုတ် လုပ်မိတ်ဆက်လိုက်ကြောင်း   သိရ သည်။
လျှပ်စစ် မော်တော်ကားများကို နေရောင်ခြည်ဖြင့် အားသွင်းနိုင်အောင် မော်တော်ကားကုမ္ပဏီ   အများစုက ကြိုးပမ်းနေသည်မှာ  အချိန်ကာလ တစ်ခုပင် ရှိခဲ့ပြီဖြစ်ရာ ယခုအချိန်တွင် တိုယိုတာက အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ 
တိုယိုတာ ၎င်းကားကိုFT-Me ဟု အမည်ပေးထားပြီး ကားခေါင်မိုး တွင် တပ်ထားသည့်Solar Panel  ကနေ ကားကို အားသွင်းပေးနိုင်မည်ဖြစ် သည်။ ထို့ပြင် နေရောင်ခြည်မှ ရသည့် စွမ်းအင်နှင့် တစ်ရက်ကို ကီလိုမီတာ ၃၀ (၁၉မိုင်)အထိ မောင်းနှင်နိုင် ကြောင်းနှင့် အားအပြည့်သွင်းထားပါ က ကီလိုမီတာ ၁၀ဝ (၆၂မိုင်) အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ 
FT-Me  လျှပ်စစ်ကားသည် ရုံးသွား၊ ရုံးပြန်နှင့် မြို့ထဲကဲ့သို့ နေရာ မျိုး၌သာ စီးနင်းနိုင်ရန် ဒီဇိုင်းထုတ်ထား ခြင်းဖြစ်ကြောင်း၊ အရွယ်အစားသေး ငယ်ပြီး အရှည်က ၂ ဒသမ ၅ မီတာ (၉၈ လက်မ)သာရှိကြောင်းနှင့် ကား အရွယ်အစားမှာ   ဂေါက်ရိုင်တွန်းလှဲ Golf Cart) အရွယ်အစားခန့်သာ ရှိခြင်းကြောင့်   ကားပါကင်ထိုးရာတွင် အထူးပင်အဆင်ပြေကြောင်း တိုယိုတာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 
FT-Me လျှပ်စစ်ကားကို စွန့်ပစ် ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး သာမန် ကားများထက် ကာဗွန်ထုတ် လုပ်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်မည်ဖြစ်သည်။  တိုယိုတာက ထုတ်လုပ်ထားပြီးဖြစ်သည့်   အရွယ် အစားကြီး  လျှပ်စစ်ကားများထက် စွမ်းအင်သုံးစွဲမှု သုံးဆနည်းပါးကြောင်း သိရသည်။ 
တိုယိုတာက အဆိုပါ  FT-Me လျှပ်စစ်ကားကို နိုင်ငံပေါင်း ၅၃ နိုင်ငံ အထိ တင်သွင်းရောင်းချရန် ရည်ရွယ် ထားကြောင်း၊ ၎င်းကားမှာ ခြေထောက် သုံးစရာမလိုဘဲ လက်ဖြင့်သာ မောင်း နှင်နိုင်သည့်အတွက်f Wheelchair User  များပါ အသုံးပြု မောင်းနိုင်မည်ဖြစ်ပြီး ရောင်းဈေးမှာ အတိအကျ မသတ်မှတ် ရသေးသော်လည်း ဒေါ်လာ ၁၀ဝ၀ဝ ဝန်းကျင် ဖြစ်နိုင်ကြောင်း သိရသည်။
Source; Toyota Europe Newsroom

 

စိုင်းဗညား