Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီးဈေးကွက် တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိ

Tue, 06/03/2025 - 11:18 -- journal_editor

၂၀၂၅ ခုနှစ် မေလက ကျင်းပခဲ့သည့် 2025 International Food Exhibition (IFEX)တွင် ခင်းကျင်းပြသခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Visayas ဒေသ ထွက်Guimaras အမျိုးအစား သရက်သီးအား ပြည်တွင်း၌သာမက နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သရက်သီးအမျိုးအစားသည် ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်မူပိုင်ခွင့်ဌာန၏ ဒေသထွက်မှန်ကန်ကြောင်း ညွှန်ပြချက် Geographical Indication-GI))  လက်မှတ် ရရှိ ထားပြီးဖြစ်သည်။ 
မူပိုင်ခွင့် Trademark ရရှိထားခြင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက် တွင် မညီမျှသော ယှဉ်ပြိုင်ခြင်းများနှင့် အတုအပ ပြုလုပ်ခြင်းတို့ကို အကာအကွယ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းရှိ တောင်သူများအား အထောက်အပံ့ ပေးနိုင်ခြင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် တိုင်းပြည်၏ စိုက်ပျိုး ရေးကဏ္ဍအား ထိန်းသိမ်းစောင့်ရှောက်နိုင်မည်လည်းဖြစ်သည်။ 
ယခုဆိုလျှင် စင်ကာပူနိုင်ငံအခြေစိုက် e-commerce Platform  တစ်ခုဖြစ်သောShopee  တွင် ရောင်းချသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သောLBC, PHLPost  တို့နှင့်လည်း ချိတ်ဆက်၍ နိုင်ငံတစ်ဝန်း ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် မြို့တော်မနီလာအတွက်ဖြစ်သည်။ 
ထပ်မံ၍  ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် သရက်သီး စိုက်ပျိုးသူများအား အရည်အသွေးမြှင့်သင်တန်းများ ပို့ချပေးခြင်း၊ ွှု စံနှုန်းနှင့်ကိုက် ညီစေရန် လမ်းညွှန်ပြသပေးခြင်းတို့အပြင် အသိပညာပေး အစီအစဉ်များပြုလုပ် ပေးခြင်း၊  စားသုံးသူများအနေဖြင့်လည်းGI Seal  ပါရှိခြင်း၏ ထူးခြားချက်များ၊  အရည်အသွေး ထိန်းသိမ်းထားရှိပုံတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြား လျက်ရှိကြောင်း သိရသည်။ 
ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီး (HS 080450) တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၇၃ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၄၀ ဒသမ ၆၇ သန်းသို့   ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့သရက်သီးဈေးကွက်တွင်း  ယှဉ်ပြိုင်မှုများ မြင့်တက်လာခြင်းကြောင့် ဖိလစ်ပိုင် သရက်သီးတင်ပို့မှုသည် ကျဆင်းလျက်ရှိသည် ကိုတွေ့ရှိကြောင်း၊ ပုံမှန်တင်သွင်းလျက်ရှိသော ဂျပန်၊ တောင်ကိုရီးယား ဈေးကွက် တို့၏ အကြိုက်သည် အခြားသော ဈေးကွက်များဖြစ်သည့် အိန္ဒိယ၊ မက္ကဆီကို၊ ထိုင်း၊ ဗီယက်နမ်ဈေးကွက်များသို့ ပြောင်းရွှေ့စိတ်ဝင်စားလျက်ရှိသည်။ 
အိန္ဒိယနိုင်ငံ၏ Alphonso Mango  တင်ပို့နေသည့်strategy ကို လေ့လာလျက် ရှိပြီး အစိုးရအနေဖြင့် အိန္ဒိယသရက်သီးဈေးကွက် တိုးချဲ့ဝင်ရောက်နိုင်ရေး မည်ကဲ့ သို့ ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းတို့၏ အတွေ့အကြုံများပေါ် အခြေခံ၍ ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီး ပြည်ပတင်ပို့မှု မြင့်တက်နိုင်ရေး ဆောင် ရွက်လျက်ရှိသည်။ 

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့။