ဂျပန်နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်များတွင်ရောင်းချသည့် ပျမ်းမျှလက်လီဆန်ဈေးသည် မေလ သီတင်းပတ်အတွင်း ၅ ကီလိုဂရမ်လျှင် ၄၂၈၅ ယန်း (၂၉ ဒသမ ၉၇ ဒေါ်လာခန့်) အထိ မြင့်တက်ခဲ့ကြောင်း မေ ၁၉ ရက်နေ့ကထုတ်ပြန်သော အချက် အလက်များအရ သိရသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ယခင်တစ်ပတ်ကထက် ၁၇ ယန်းတိုးလာပြီး ၂၀၂၂ ခုနှစ် မတ်လမှစတင်ကာ အမြင့်ဆုံးဈေးဖြစ်သည်။ ဧပြီလနှင့်မေလကြားတွင် ခေတ္တမျှ ဈေးနှုန်းကျဆင်းခဲ့ပြီး ဈေးနှုန်းများဆက်လက်၍ ပြန်လည်မြင့်တက်ခဲ့သည်။ မတ်လ တွင် အစိုးရသည်အရန်ဆန်များကို လေလံတင်ရောင်းချနေသော်လည်း ဈေးကွက်ပေါက်ဈေးများ ကျဆင်းသွားခြင်းမရှိခဲ့ပေ။ အပြိုင်အဆိုင် လေလံဆွဲခြင်းထက် သိုလှောင်ထားသောဆန်များကို စေ့စပ်ညှိနှိုင်းသည့် စာချုပ်များဖြင့် ရောင်းချမည့် ဝန်ကြီးအသစ်၏ ကြိုးပမ်းမှုသည် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ဖြစ်နိုင်ခြေရှိသည်ဟူ၍ စောင့်ကြည့်လျက်ရှိသည်။ ကျိုဒိုသတင်းစစ်တမ်းတစ်ခုအရ ှ့ငညငြမသ ုသငဖကာင ကို လယ်ယာဝန်ကြီးအဖြစ် ခန့်အပ်ပြီးနောက် ဆန်ဈေးနှုန်းကျဆင်း မည်ဟု ယုံကြည်သူ ၆၀ ရာခိုင်နှုန်းနီးပါး ရှိလာခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်) ၊ ဟန်ကိုကျော်