ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၃၉ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၄၂ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ဇွန် ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၉၆၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂ ရက်တွင် ကျပ် ၇၈၉၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏ ွီဏ သည် ၂၀၂၅ ခုနှစ်တွင်GDP ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက် တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည် တွင်းအသားတင်ထုတ်လုပ်မှု GDP တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ွီဏ တိုးတက်မှု နှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်း ထားခဲ့သည်ကို တွေ့ရှိရသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက် အရ ဇွန် ၁၉ ရက်မှ ၂၅ ရက်ထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။
P&S