Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 07/07/2025 - 13:20 -- journal_editor

 ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဇွန် ၃၀ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ဖိလစ်ပိုင် နိုင်ငံသည် ယခုတစ်ပတ်တွင် ၁၀ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့်ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ရဝမ်ဒါ နိုင်ငံတွင် ၁၀ ဒသမ ၄၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၅ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် လက်ဘနွန်နိုင်ငံတွင်  ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံ ၄၅ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ 
Global Petrol Prices Website ၏ ဇွန် ၃၀ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ဘူတန်၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ကင်ညာ၊ မိုနာကို၊ အီဂျစ် နှင့် သီရိလင်္ကာ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၀ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ထိုင်း၊ အီတလီ၊ မော်လ်ဒိုဗာ၊ နော်ဝေ၊ လူဇင်ဘတ်၊ ပီရူး၊ ဆွီဒင်၊ အာဂျင်တီးနား၊ နိုင်ဂျီးရီးယားနှင့် ဇမ်ဘီယာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ဇွန်လ ၃၀ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင် နိုင်ငံတွင် ၁၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၅ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား နိုင်ငံတွင် ၃ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက် နမ်နိုင်ငံတွင် သုည ဒသမ ၆၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများ တွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ ရှိရသည်။ 
ဒီဇယ်ဆီဈေးနှုန်းသည် ဇွန် ၃၀ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ပနားမားနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၀ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံများဖြစ်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ တွင် ၉ ဒသမ ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၈ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် လက်ဘနွန်နိုင်ငံတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့် တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၈ နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ အာမေးနီးယား၊ ဘူတန်၊ ဒိန်းမတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ကင်ညာ၊ မိုနာကို၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၀ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အိုက် စလန်၊ နော်ဝေ၊ ဂရိ၊ စပိန်၊ မော်ရိုကို၊ အက်စ်တိုးနီးယား၊ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ နိုင်ဂျီးရီးယား၊ အာဂျင်တီးနားနှင့် ဆွီဒင် စသည့် နိုင်ငံ များအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်း ထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်း ခဲ့ကြောင်း တွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ဇွန် ၃၀ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၉ ဒသမ ၇၀ ရာခိုင် နှုန်း၊ မြန်မာနိုင်ငံတွင် ၈ ဒသမ ၉၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၄ ဒသမ ၂၀ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်း နှင့် ဗီယက်နမ်နိုင်ငံတွင် ၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ် နေကြောင်း လေ့လာတွေ့ရှိရသည်။  ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဇူလိုင ၃ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ကျပ် ၃၁၄၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၂၁၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၃၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၃၈၅ ကျပ် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီတစ်လီတာလျှင်  ကျပ် ၄၃၆၀ ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၈၈၀၊ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၆၁၀၊ ဒီဇယ်တစ်လီတာလျှင် ၃၁၃၅ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ပေါ် နေပြီး ပြည်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၉၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၅၀ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၃၂၁၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၃၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ၁၈၀ ကျပ်ဈေးနှုန်းနှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လေ့ လာသုံးသပ် တင်ပြအပ်ပါသည်။