Main menu

Background

ဆန်စပါး ကုန်စည်ဒိုင်များမှ တစ်ပတ်လျှင် သုံးရက် ပြည်သူများအား ဆန် ရောင်းချပေးမည်

Mon, 07/07/2025 - 14:04 -- journal_editor

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင်  ဆန်ရောင်းချခြင်း အစီအစဉ် အား အင်္ဂါနေ့၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် တစ်ပတ်လျှင် သုံးရက် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေး ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ဆန်စပါးကုန်စည်ဒိုင်များမှ သက်သာသော နှုန်းထားဖြင့် ဆန်ရောင်း ချပေးခြင်းအစီအစဉ်အား ယခင်က အပတ်စဉ် ဗုဒ္ဒဟူးနှင့် ကြာသပတေး နေ့များတွင်  ရောင်းချပေးခဲ့သော်လည်း ယခုအခါတွင် အင်္ဂါနေ့၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့ သုံးရက် တိုးမြှင့်ရောင်းချပေးမည်ဖြစ်သည်။
ဆန်ရောင်းချပေးခြင်း အစီအစဉ်အား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ ရန်ကုန်မြို့ ဝါးတန်းလမ်းနှင့် ကိုင်းတန်းလမ်းကြား  လမ်းမတော်မြို့ နယ် ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင် ရောင်းချသွားမည် ဖြစ်သည်။  
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရန်ကုန်မြို့တွင်း တွင်လည်း သက်သာသောနှုန်းထားဖြင့် ဆန်များအား လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ကိုတိုး