အိမ်ခြံမြေ တိုက်တာ အဆောက်အအုံများသည် ရင်းနှီးမြှုပ် နှံမှု Portfolio အစုထဲတွင် အရေးပါသည့် အမျိုးအစားတစ်ခု ဖြစ် သည်။ ရင်းနှီးမြှုပ်နှံသူများသည် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုများ အဖြစ် အိမ်၊ ခြံ၊ မြေ တိုက်တာများကို ရှေးမဆွကပင် ဝယ်ယူရင်းနှီး မြှုပ်နှံကြသော်လည်း ယင်းထက်ပိုမို အဆင့်မြင့်သည့် အိမ်ခြံမြေ အခြေပြု ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်းများဖြစ်သည့်Real Estate Investment Trust (REIT)များတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် အလေ့အထ နည်းပါးလျက်ရှိသည်။
REIT များတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ အစောပိုင်းကာလ များတွင် ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေကုမ္ပဏီများတွင် ဝင် ရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့်လည်းကောင်း၊ အိမ်ခြံမြေ တိုက်ခန်း များကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ဝယ်ယူခြင်းဖြင့် လည်း ကောင်း အတွေ့ အကြုံ များ ရယူရန် လိုအပ်သည်။ ဆက်လက်၍ နောက်တစ်ဆင့်တက်ကာREIT များတွင် မိမိတို့၏ငွေကြေး တစ်စိတ်တစ်ပိုင်းကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် စတင်သင့်သည်။
အမှန်စင်စစ်REIT များသည် အရွယ်အစားကြီးမားပြီး အရည်အသွေးမြင့်သည့် အိမ်ခြံမြေ ပရောဂျက်ကြီးများဖြစ်ပြီး ယင်းပရောဂျက်များတွင်ပါဝင်သည့် မည်သည့် အိမ်ခြံမြေ အစိတ် အပိုင်းကိုမျှ တိုက်ရိုက်ဝယ်ယူရန်မလိုဘဲ သွယ်ဝိုက်၍ ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်သည်။REITများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် တည်ငြိမ်၍ မြင့်မားသော အကျိုးအမြတ်များကို ရရှိစေသည်။
REIT (Real Estate Investment Trust) ဆိုသည်မှာ ဝင်ငွေ များ ပြန်လည်ရရှိနေသည့် ကော်မာရှယ် အိမ်ခြံမြေလုပ်ငန်းများ ဖြစ်သည့် ဈေးဝယ်စင်တာကြီးများ၊ ဆေးရုံများ၊ စိုက်ခင်းကြီးများ၊ ဟိုတယ်ကြီးများ၊ ရုံးခန်းများ၊ ဒေတာစင်တာများ၊ ကုန်တိုက်ကြီး များ၊ လူနေအဆောက်အအုံများ အစရှိသည့် လုပ်ငန်းများကို ပိုင်ဆိုင်ကာ ကိုယ်တိုင်လည်ပတ်နေသည့် ရန်ပုံငွေအဖွဲ့များဖြစ် သည်။ ယင်း အဖွဲ့များသည် တစ်ဦးချင်းနှင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများသို့ ၎င်းတို့၏ ရန်ပုံငွေအစုများကို ထုတ်ရောင်း ခြင်းဖြင့် လိုအပ်သည့် ရင်းနှီးငွေများကို တိုးပွားစေရန်ဆောင် ရွက် လေ့ရှိသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနှင့် အဆိုပါREIT ရန်ပုံ ငွေ အစုများကို ဝယ်ယူထားခြင်းဖြင့် အောက်ဖော်ပြပါ အကျိုး ကျေးဇူးများကို ရရှိစေသည်။
• အိမ်ခြံမြေများတွင် တိုက်ရိုက်ရင်းနှီးစရာမလိုဘဲ မိမိတတ် နိုင်သည့် အသေးငယ်ဆုံး ငွေကြေးအစိတ်အပိုင်း တစ်ခု အထိ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ခြင်း၊
• REIT များသည် သာမန် အိမ်မြံမြေများကို ဝယ်ယူရောင်း ချခြင်းထက် ငွေဖြစ်လွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်စေခြင်း၊
• REIT ရန်ပုံငွေအစုများသည် ရှယ်ယာအမြတ်ဝေစု ကဲ့သို့ပင် တည်ငြိမ်သည့် ဝင်ငွေကိုရရှိပြီး ယင်းဝင်ငွေကို ရင်းနှီးမြှုပ်နှံထားသည့် အိမ်ခြံမြေများမှ ငှားရမ်းခများမှ ရရှိစေခြင်း၊
• အရည်အသွေးမြင့်မားပြီး ကြီးမားသည့် ပရောဂျက်ကြီး များ ဖြစ်သည့်အတွက် ယင်းပုံရိပ်များသည် ရှယ်ယာရှင် များ၏ ဝင်ငွေကောင်းမွန်မှုကို ထင်ဟပ်စေခြင်း၊
• ပရော်ဖက်ရှင်နယ်များမှ ဦးဆောင်ကာ အဆိုပါ အက် ဆက်များကို စီမံခန့်ခွဲနေခြင်းကြောင့် အဆိုပါREIT ၏တန်ဖိုးကို မြင့်တက်စေပြီး ပြန်ရနှုန်းကိုလည်းပိုမိုမြင့်မား စေခြင်းတို့ဖြစ်သည်။
REITများဝယ်ယူရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ
ဈေးကွက်တွင်ဖြစ်ပေါ်နိုင်သည့် ယေဘုယျ ဆုံးရှုံးနိုင်ခြေ များ၊ နိုင်ငံရေးအခြေအနေများ၊ အရင်းအနှီး ဈေးကွက်နှင့် အတိုး နှုန်းများ အပြင် အောက်ဖော်ပြပါ အချက်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
• စီမံခန့်ခွဲမှု အရည်အချင်းများ၊REIT၏ ဖွဲ့စည်းပုံနှင့်REITအဖွဲ့တွင် တာဝန်ယူဆောင်ရွက်နေသည့် မန်နေဂျာ များ၏ အရည်အချင်းများနှင့် ကိုယ်ကျင့်သိက္ခာ၊
• ရင်းနှီးမြှုပ်နှံသည့် ရည်ရွယ်ချက်နှင့် ကျင့်သုံးသည့် မဟာဗျူဟာများ၊
• ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည့် အိမ်မြံမြေများ၏အရည် အသွေး၊ ပေါင်နှံမှု အခြေအနေ၊ ပထဝီ အနေအထား၊ ငှားရမ်းနေထိုင်မှု အနေအထား၊
• အကျိုးအမြတ်ခွဲဝေမှု မူဝါဒနှင့် အခွန်မူဝါဒများ စသည် တို့ ဖြစ်ပါသည်။
REIT မှ မည်သို့သော အကျိုးအမြတ်များ မျှော်လင့်နိုင်သနည်း။
ပုံမှန်အားဖြင့်REIT ယူနစ်များကို ကိုင်ဆောင်ထားသူများ သည် အောက်ဖော်ပြပါ အကျိုးအမြတ်များကို မျှော်လင့်နိုင်ပါ သည်။
• ဝင်ငွေခွဲဝေမှု ပေါ်လစီအရREIT ယူနစ်ကိုင်ဆောင်ထား သူများသို့ ခွဲဝေပေးသည့် အမြတ်ငွေ၊
• REIT ယူနစ်များ ဈေးနှုန်းမြင့်တက်မှုမှ ရရှိသည့် အမြတ် ငွေတို့ဖြစ်ပါသည်။
REIT၏ ပြန်ရနှုန်း (့ငနိူ) ကို နာမည်ကျော် သတင်းစာများ ၏ စီးပွားရေးကဏ္ဍတွင် ထည့်သွင်းဖော်ပြလေ့ရှိပါသည်။
REITအဖွဲ့များ၏နှစ်ပတ်လည် အစီအရင်ခံစာများတွင် တွေ့ရှိမည့် အချက်များမှာ -
• Net Asset Value (NAV): REIT တစ်ခု၏ တန်ဖိုးကို ယင်း အစုထဲတွင်ပါဝင်သည့် ကိုင်တွယ်၍ ရနိုင်သော အခြေ ပစ္စည်းများ၏တန်ဖိုးကို ပေးရန်တာဝန်များ နုတ်ထား သည့် တန်ဖိုးဖြစ်ပါသည်။
• Management Expense Ratio : REIT ရန်ပုံငွေအစုကို စီမံခန့်ခွဲပေးသည့် စရိတ်။ ဗြဠ ထဲတွင် ပါဝင်သည့် စရိတ်။
• Total Return : REIT တန်ဖိုး ပြောင်းလဲမှုနှင့် ကာလတစ်ခု အတွင်း ပြန်လည်ရရှိသည့် နှုန်းပေါင်းခြင်း ရလဒ် စသည် တို့ဖြစ်ပါသည်။
Reference : Investment guide book
ထွန်းသက်ထွန်း