ထိုင်းနိုင်ငံ၌ စပါးဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့် သိသာစွာ ကျဆင်းလျက်ရှိပြီး တစ်တန်လျှင် ဘတ်ငွေ ၅၀ဝ၀ ကျော်နှုန်းထားဖြင့် ၁၇ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့မှုအပေါ် တုံ့ပြန်ဖြေရှင်းရန်အတွက် အမျိုးသား ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီ (NRPMC) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ဇွန် ၂၆ ရက်တွင် အရေးပေါ် အစည်းအဝေး ကျင်းပရန် ခေါ်ယူခဲ့ကြောင်း သိရသည်။
ဇွန်လ တတိယပတ်အတွင်း အဓိကဆန်တင်ပို့သူများက ဝယ်ယူသည့်ဈေးနှုန်းများကို သတ်မှတ်ဆုံးဖြတ်မှုကြောင့် ထိုကဲ့သို့ စပါးဈေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဆန်စက် လုပ်ငန်း အများအပြားကလည်း အလျင်စလိုရောင်းချလျက် ရှိခြင်းကြောင့် ဈေးနှုန်းထပ်မံကျဆင်းမှုကို ဖြစ်ပေါ်စေလျက် ရှိကြောင်း The Nationသတင်း ဌာနက ဖော်ပြထားသည်။
ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Pramote Charoensilp က လက်ရှိကာလ၌ တောင်သူများသို့ ကမ်းလှမ်းမှုပြုသည့် လွတ်လပ်သော ဈေးကွက်ဈေးနှုန်းမှာ ထိန်းသိမ်းနိုင်မှုမရှိဘဲ ကျဆင်းနေခြင်းကြောင့် အရေးပေါ် ကြားဝင်ဖြေရှင်းမှုကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိ ကြောင်း၊ နွေစပါးစိုက်ပျိုးသော တောင်သူများသို့ စိုက်ဧရိယာ တစ်ရိုင် လျှင် ဘတ်ငွေ ၁၀ဝ၀ နှုန်းဖြင့် လယ်သမားတစ်ဦးလျှင် အများ ဆုံး ၁၀ ရိုင်အထိ တိုက်ရိုက်ငွေကြေး ထောက်ပံ့ရန်NRPMCက အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဈေးကွက် လိုအပ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်မှုကို လယ်သမားများ က ပြန်လည်တည်ဆောက်ရာတွင် အကောက်အကူပြုစေရန် အတွက် ရည်ရွယ်ချမှတ်ထားသည့် ဘတ်ဂျက်ရန်ပုံငွေကို ကနဦး မူလ၌ ဘတ် ၂ ဒသမ ၈၆ ဘီလီယံ လျာထားရာမှ ဘတ် ၅ ဘီလီယံအထိ တိုးမြှင့်ပေးရဖွယ်ရှိကြောင်း ပြောကြားခဲ့ သည်။ စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ ပြောကြားချက်အရ ယခင်နှစ် နွေစပါးရာသီတွင် တောင်သူ အိမ်ထောင်စုပေါင်း ၃၃၇၀ဝ၀ က စပါးစိုက်ဧရိယာ ရိုင် ၅ ဒသမ ၆၄ သန်း စိုက်ပျိုး မှုကို မှတ်ပုံတင်ထားရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အိမ် ထောင်စုပေါင်း ၈၄၉၀ဝ၀ သည် နွေစပါးစိုက် ဧရိယာ ရိုင် ၁၁ဒသမ၈၃ သန်းအထိ မှတ်ပုံတင်ခဲ့ကြောင်း၊ လယ်သမား မိသားစု မှတ်ပုံတင်မှုအရ ၁၅၁ ရာခိုင်နှုန်းနှင့် စိုက်ပျိုးမှု ဧရိယာအရ ၁၁၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်စီမံဆောင်ရွက်မှုများဆိုင်ရာ ဆပ်ကော်မတီ သည် ရှေ့လာမည့် ၂၀၂၅-၂၀၂၆ သီးနှံ ရာသီနှစ်အတွက် စပါးစိုက်ဧရိယာ တစ်ရိုင်လျှင် ဘတ်ငွေ ၂၀ဝ၀ ထောက်ပံ့ပေး အပ်မည့် အစီအစဉ်ကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ မကြာမီသေးမီကာလတွင် ဓာတ်မြေသြဇာဈေးနှုန်း တစ်တန် လျှင် ဘတ် ၂၀ဝ ပိုမိုမြင့်တက်လာမှု၊ လူနေမှုစရိတ် ကြီးမြင့်မှု များနှင့် စပါးဈေးနှုန်းကျဆင်းမှုတို့ကို ကာမိစေရန်အတွက် ယခင်နှစ်ထက် ပိုမိုလျက် တောင်သူတစ်ဦးလျှင် ၁၀ ရိုင်မှ ၂၅ ရိုင်အထိ ထောက်ပံ့ရန် ကနဦး ဆွေးနွေးမှုများ ပြုလုပ်ထား ကြောင်း၊ စပါးဈေးနှုန်းကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် သွင်းအားစုစရိတ်မြင့်မားခြင်း စသည့် ဘက်ပေါင်းစုံမှ ရိုက် ခတ်မှုများကို တောင်သူများခံစားနေရသဖြင့် ဖြေလျှော့မှု အစီ အမံများ အရေးပေါ် လုပ်ဆောင်ပေးရန် ၎င်းတို့အသင်းက အစိုးရသို့ တိုက်တွန်းထားကြောင်း မြ. ဏမောသအန က ပြော ကြားခဲ့သည်။
Source: The Nation Thailand, June 24, 2025
ပိုးဇာခြည်၊DOCA