ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရဖြစ်သည့် အန်ကောရှေးဟောင်း သုတေသနဥယျာဉ်သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သိသိသာသာ မြင့် တက်လာပြီး ယမန်နှစ် ကာလတူထက် ၂၅ ရာခိုင်နှုန်းအထိပင် တိုးတက်လာ ခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံ စာတစ်စောင်က ဖော်ပြထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားအစိုးရပိုင် အန်ကောလုပ်ငန်းစုမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလ အတွင်း တရုတ်ခရီးသွားဧည့်သည် ၄၇၅၇၁ ဦး လာရောက်ခဲ့ခြင်းကြောင့် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့၏ နောက် တွင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ အများဆုံး လာရောက် လည်ပတ်သည့် စတုတ္ထမြောက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း လည်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံနှင့် ဒေသ ၁၇၁ ခုမှ နိုင်ငံခြားသား ၅၆၇၆၇၃ ဦးသည် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့ကြပြီး လက်မှတ်ရောင်းချခြင်းမှ အမေ ရိကန်ဒေါ်လာ ၂၆ ဒသမ ၃ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်သည် ကမ္ဘောဒီးယား-တရုတ် ခရီးသွားလာရေးနှစ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သည် ကမ္ဘော ဒီးယားနိုင်ငံ စီရမ်ရိ(ပ်)ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိကာ စတုရန်း ကီလိုမီတာ ၄၀၁ ကျယ်ဝန်းသည့် ခရီးသွားနေရာတစ်ခုဖြစ်ပြီး ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ပေါင်း ၉၁ ခု ရှိသည့် သမိုင်းဝင် နေရာတစ်ခုဖြစ်သည်။
Source; Xinhua
စိုင်းဗညား