Main menu

Background

ယခုဘဏ္ဍာနှစ်တွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးမည်

Tue, 08/05/2025 - 13:40 -- journal_editor

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ဧကငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၅) မှသိရသည်။ 
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း စိုက်ဧက ငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးရန် လျာထားဆောင်ရွက်လျက် ရှိပြီး ပြည်တွင်း စားသုံးဆီ တိုးမြှင့် ထုတ်လုပ်ရေး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက် များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အတိုးနှုန်းသက်သာသည့် ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်၊ အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များ အား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                                                                

ကိုတိုး