Main menu

Background

ပြန်လည်ဆန်းသစ်လာသည့် မြန်မာ့ကျောက်သင်ပုန်း

Wed, 09/03/2025 - 12:31 -- journal_editor

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)ရှိ မုဒွန်းကျေးရွာ သည် လက်မှုလုပ်ငန်းများထွန်းကားသော ကျေးရွာတစ်ရွာဖြစ်သည်။ အိမ်ခြေ ၁၇၀ဝ အိမ်ရှိသော မုဒွန်းကျေးရွာနေ ရွာသူ၊ ရွာသားများမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြ သည်။ ၎င်းတို့အနက် အချို့မှာ ကျောက်သင်ပုန်းလုပ်ငန်းကို  လုပ် ကိုင်ကြသည်။ ‌ရှေးယခင်ကတည်းကပင် ဘုန်းတော် ကြီးပညာသင် ကျောင်းများ၊ ]အ}သုံးလုံးသင်တန်းများ၊ အခြေခံပညာ ကျောင်းများ တွင် ကျောက်သင်ပုန်းနှင့် ကျောက်တံကိုသာ အသုံးပြုခဲ့ကြသည်။
မြန်မာ့ကျောက်သင်ပုန်းသမိုင်းအစ 
ကျောက်သင်ပုန်းနှင့် ကျောက်တံများ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်းဆိုသူသည် မုဒွန်းကျေးရွာ၊ မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိ ကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က  စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသည်။ နောက်ပိုင်းတွင် ၎င်းကျောက်မှ ကျောက်သင်ပုန်း ပြုလုပ်နိုင်ကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက် များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း ဖြစ်လာခဲ့ ကြောင်း သိရှိရသည်။ ၁၉၅၀ ပြည့်နှစ်မှစ၍ ကျောက်များကို ခွာမရ တော့သဖြင့် တွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့ သည်။  ရှေးနှစ်ပေါင်းများစွာကတည်းက မွန်တို့၏ လက်မှုပညာ တစ်ရပ်အဖြစ် မုဒွန်းရွာရှိ ကျောက်သင်ပုန်းလုပ်ငန်းသည်  ကျော်ကြား လာခဲ့သည်။
ကျောက်သင်ပုန်းထုတ်လုပ်ပုံ
ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။ ကျောက်သင်ပုန်း ကျောက်များသည် အစပိုင်းတွင် အပေါ်ယံမှ ခွာယူ၍ရသော်လည်း ထုတ်လုပ်မှုများလာ သဖြင့်   နောက်ပိုင်းတွင်  တွင်းနက်ကြီးတူးပြီး ထုတ်ယူရသည်။ ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး တောင်ပေါ်ရှိ ကျောက်တွင်းထဲကို ဆင်းရသည်။ တချို့တွင်းများသည် ပေ ၂၀ဝ အထိ နက်သည့်အတွက် အောက်ခြေတွင် ရေများ စိမ့်ဝင်သဖြင့် ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ် ယံတွင် တင်နေသော နုန်းများကို  ခြစ်ထုတ်ပြီး ကျောက်များကို စတူး ရသည်။ ကျောက်များကို အတုံးလိုက်အလွှာလိုက် တူးပြီးလျှင် တွင်း အပေါ်သို့ တင်ရသည်။ တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။  အလွှာလိုက် အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းရသည်။ အရွယ်အစားအလိုက် ၈ လက်မ၊ ၆ လက်မ၊ ၇ လက်မ စသည်ဖြင့် အကြမ်းဖြတ်၍ အဆိုပါကျောက်အကြမ်းများကို ကျောက်သင်ပုန်း ထုတ်လုပ်သူများမှ လာရောက်ဝယ်ယူကြသည်။ ထို့နောက် ကျောက် ကြမ်းများကို ရွေပေါ်ထိုးခြင်း၊ ကျောက်ညှပ်ကတ်ကြေးနှင့် လေးဘက် လေး တန်ညီအောင် ညှိပေးခြင်း၊ ပြီးလျှင် စက်ဖြင့် ပြန်ချောခြင်းတို့ကို ပြုလုပ်ရသည်။ ထို့နောက် ရေနှင့် ဆေးကြောခြင်း၊ နေပူလှန်း၊ ဆေး သုတ်၊ အခြောက်ခံခြင်း ပြုလုပ်ပြီးလျှင် သစ်သားဘောင် သွင်းရသည်။ သစ်သားဘောင်သွင်းပြီးလျှင် သစ်သားဘောင်များကို ကော်ပတ်ဖြင့် အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ ထို့နောက် အရွယ်အစား အလိုက် အရောင်းဆိုင် များသို့ ဖြန့်ဖြူးပေးကြောင်း သိရှိရသည်။
ကျောက်တံထုတ်လုပ်ပုံအဆင့်ဆင့်
ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှ ထုတ် ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက် တန်းနု၍ ကျောက်သားပွရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ် တွင် ရေး၍ ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုဒ် အသေး များကို သယ်၍ မညီလျှင် ရွေပေါ်ထိုးပေးရသည်။ ရွေပေါ်ထိုးပြီး ရေ တစ်ည စိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နှင့် ပြန်ချွန် ပေးရသည်။  ယခင်က စက်နှင့်ချွန်၍ ယခုအခါ ကော်ပတ်ဖြင့် ချွန် ကြသည်။ ကော်ပတ်စားပြီးလျှင် ၆ လက်မ၊ ၈ လက်မအရွယ် ဆိုဒ်များ ဖြတ်ရသည်။ ဆေးပြီး အခြောက်လှန်းကာ အမည်းရောင် ဆေးဆိုး ပေးရသည်။ 
ဈေးကွက်
မုဒွန်းကျေးရွာ ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းကို လွန် ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ဝန်းကျင်က ရိုးရာလက်မှုလုပ်ငန်းအဖြစ် ရွာလုံးကျွတ်နီးပါးလုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စက္ကူ  အစားထိုး လာခြင်း၊ ဗလာစာအုပ်များကို ပေါများစွာ အသုံးပြုလာခြင်းကြောင့် ဈေးကွက်ပျောက်ကွယ်လုနီးဖြစ်လာသဖြင့် မုဒွန်းရွာတွင် ကျောက် သင်ပုန်း/ကျောက်တံ ထုတ်လုပ်သူ ခုနစ်ဦးခန့်သာ ကျန်ရှိတော့ သည်။ ယခုနှစ်တွင် ြှနြ ဈေးရောင်းပွဲတော်များ၌ ရောင်းအား ကောင်းလာကြောင်း မုဒွန်းကျေးရွာမှ ကျောက်သင်ပုန်းလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။ 
]]ဒီနှစ်မှာတော့ နေပြည်တော် ြှနြ  ထုတ်ကုန်ပြပွဲတွေ၊ အထိမ်းအမှတ် ြှနြ ဈေးရောင်းပွဲတော်တွေမှာ အတော်ရောင်း ကောင်းတယ်၊ အရင်ကတော့ ကျေ ာင်းသုံး စာရေးကိရိယာတွေအနေနဲ့ ဝယ်ယူ  အသုံးပြုကြပေမယ့် အခုနောက်ပိုင်းတွေမှာ အမှတ်တရ လက်ဆောင်ပစ္စည်းအနေနဲ့ ဝယ်ယူကြတယ်၊ နေပြည်တော် ြှနြ ထုတ်ကုန်ပြပွဲမှာဆိုရင် ပါသွားတာ ကုန်လို့ ပြန်မှာရတယ်}}ဟု မုဒွန်း ကျေးရွာမှ ကျောက်သင်ပုန်းလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။
ကျောက်သင်ပုန်းဈေးနှုန်းများမှာ ကျောက်သင်ပုန်းရိုးရိုး ဆိုင်း ဘုတ်အရွယ် အကြီးစားကျောက်သင်ပုန်းတစ်ချပ်လျှင် ကျပ် ၇၀ဝ၀ဝ၊ (၇ ဓ ထ ၁၀ဓ) တစ်ချပ်လျှင် ကျပ် ၃၅၀ဝ ၊  (၆.၅ဓ ထ ၉ဓ) တစ်ချပ် လျှင် ကျပ် ၃၀ဝ၀ ၊  (၆ဓ ထ ၈.၅ဓ) တစ်ချပ်လျှင် ကျပ် ၂၅၀ဝ၊  (၅ဓ ထ ၇.၅ဓ) တစ်ချပ်လျှင် ကျပ် ၂၀ဝ၀၊  (၄.၅ဓ ထ ၆.၅ဓ) တစ်ချပ်လျှင် ကျပ်  ၁၅၀ဝ ရှိပြီး ကျောက်သင်ပုန်းပန်းချီ၊ အလှချိတ် အမှတ်တရ ပစ္စည်း များမှာလည်း ဒီဇိုင်းအပေါ် မူတည်ပြီး ဈေးနှုန်းကွဲပြားလျက်ရှိသည်။
ယခုအခါ ကျောက်သင်ပုန်းကို ဟိုတယ်၊ စားသောက်ဆိုင်တို့ တွင် နြညက ရေးသားသည့် ဆိုင်းဘုတ်အရွယ်ရှိ အကြီးစား ကျောက် သင်ပုန်း၊ ဖုန်းအရွယ်ရှိ အသေးစား ကျောက်သင်ပုန်း၊ ကျောက်သင် ပုန်းပန်းချီ၊ ကျောက်သင်ပုန်းနာရီ၊ ကြော်ငြာဆိုင်းဘုတ်များ၊ နှစ်ပတ် လည်အထိမ်းအမှတ်များ၊ အလှချိတ် အမှတ်တရပစ္စည်း စသည်ဖြင့် အမျိုးမျိုး ထုတ်လုပ်လာကြသည်။ ကမ္ဘာလှည့် ခရီးသွားများ၊ ရိုးရာ ပစ္စည်းထိန်းသိမ်းသူများမှာ မွန်ပြည်နယ်သို့ ရောက်ရှိလျှင် ချောင်းဆုံ မြို့နယ် မုဒွန်းကျေးရွာရှိ ကျောက်သင်ပုန်းလုပ်ငန်းများကို သွား ရောက်လေ့လာကြပြီး ကျောက်သင်ပုန်းထုတ်လုပ်ပုံအဆင့်ဆင့်များ ကို စိတ်ဝင်တစား လေ့လာကြကြောင်း သိရှိရသည်။
ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှ ကျောက်သင်ပုန်းလုပ်ငန်း များမှာ ချောင်းဆုံမြို့ မုဒွန်းကျေးရွာ၏  အထိမ်းအမှတ် ထုတ်ကုန် တစ်ခုဖြစ်သည့်အတွက်  ရိုးရာလုပ်ငန်းများ မပျောက်ပျက်အောင် ထိန်းသိမ်းသွားသင့်ပေသည်။ 
(ဤဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။)

 

DOCA (MON)