Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Thu, 12/04/2025 - 10:16 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက နိုဝင်ဘာ ၂၆ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြ ချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၂၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၁ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ 
ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၄၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၈၉၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၈ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ဖြင့်ရှိခဲ့ ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၈၊ ဧည့်မထ(၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅၊ ပေါင်းဆန် (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၅ ဖြင့် အသီးသီးရှိခဲ့ သည်ကို လေ့လာတွေ့ရှိရသည်။
Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ နိုဝင်ဘာ နောက်ဆုံးပတ်တွင်  ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ် နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံတွင် (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၇ မှ ၄၀၄၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၂ မှ ၃၈၉ ၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၇ မှ ၃၇၈)နှင့် ပေါင်းဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ( ၃၆၈ မှ ၃၉၈)၊ ပါကစ္စတန်နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၃၉ မှ၃၄၂ )နှင့် အိန္ဒိယ နိုင်ငံတွင်  ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၂ မှ ၃၅၅ ) သို့ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၃ )နှင့် ပါကစ္စတန်နိုင်ငံတွင် ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၁ ဖြင့် ဈေးနှုန်း တည်ငြိမ် လျက်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၅ မှ ၃၄၀)နှင့်  အိန္ဒိယနိုင်ငံ တွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ  ၃၅၁ မှ ၃၄၈ ၊  ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၃၆ မှ ၃၃၅ သို့ ဈေးနှုန်း အနည်းငယ် လျော့ကျမှုရှိကြောင်း တွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၃၀ ရာခိုင်နှုန်း ဈေး နှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ များသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၉၂၃၇၉၁ ဒသမ ၄၃၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၉ ဒသမ ဝ၆၁ သန်း၊ ဆန်ကွဲ တန်ချိန် ၈၃၈၈၆၇ ဒသမ ၉၀ဝ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၃၉ ဒသမ ၈၉၉ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၆၂၆၅၉ ဒသမ ၃၃၅ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅၆၈ ဒသမ ၉၆၀ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူတွင် ဆန်တန်ချိန် ၉၂၃၃၀၉ ဒသမ ၃၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၇၂၆ သန်း၊ ဆန်ကွဲတန်ချိန် ၆၇၅၀ဝ၃ ဒသမ ၇၅၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၄၀၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၁၅၉၈၃၁၃ ဒသမ ဝ၆၁  တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၅၅ ဒသမ ၁၂၈ သန်း တင်ပို့ခဲ့သည်။ 
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆၄ သိန်း (၁၀ ရာခိုင်နှုန်း) ပိုမို တင်ပို့နိုင်သည်။ သို့ သော် ဗီယက်နမ်၊ ထိုင်းနိုင်ငံများနည်းတူ ကမ္ဘာ့ဆန်ဈေးကွက် ပေါက်ဈေး လိုက်၍ ယခင်နှစ်ကာလတူထက် ဆန်ဈေးနှုန်း ကျဆင်းမှုများ ရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၁၆၈ သန်း လျော့နည်းရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် နိုဝင်ဘာ ၂၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန် ချော (အသစ်)တစ်အိတ်လျှင် ၂၉၈ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေ လဲနှုန်း တစ်ယွမ်လျှင် ၅၈၀ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ် အိတ်လျှင် ၁၇၀ဝ၀ဝ ကျပ်ကျော် ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် နိုဝင် ဘာ ၂၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲ နှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၂၈ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ် နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထ ဆန် တစ်ပြည်လျှင် လာရှိုးမြို့တွင် ကျပ် ၅၀ဝ၀ ဖြင့် အမြင့်ဆုံးဈေး နှုန်း ဖြစ်ပေါ်ခဲ့ပြီး ပုသိမ်မြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၂၁၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရ ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

 

P&S