ပြည်တွင်း၊ ပြည်ပ ပဲဈေးကွက်မှန်ကန်စေ ရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံ အရောင်းအဝယ်အား ကုန်ပစ္စည်းမပါဘဲ အရောင်း အဝယ်လုံးဝမပြုလုပ်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ထုတ်ပြန် ထားကြောင်း သိရသည်။
ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ် ဆောင် ရွက်နေသူများကိုလည်း အသင်း၏ စည်းမျည်း စည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသင်းမှ အသိပေး ကြေညာထား သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး ထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့ မှုအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ စသည့် ပဲအမျိုးအစားပေါင်း ၂၀ ခန့် အား တင်ပို့နေခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရရှိရန် မျှော်မှန်းထားပြီး အဆိုပါကာလအတွင်း ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့ရေး လျာထားဆောင်ရွက်လျက်ရှိ သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်မူ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံတန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့ထားနိုင်ခဲ့ ကြောင်း သိရသည်။
ကိုတိုး
