ပဲနီပြား
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသစ်များ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ပဲနီပြားသီးနှံသစ်များလည်း ဝင်ရောက်လာပြီဖြစ်သည်။ ပဲစတင်ပေါ်စအချိန်ဖြစ်သည့်အတွက် တစ်ရက်လျှင် အိတ် ၂၀-၃၀ ကျော် ဝင်ရောက်မှုရှိပြီး လက်လီသမားများသာ ဝယ်ယူမှုရှိကြသည်။ ပဲ အထွက်လှိုင်ချိန်နှင့် ပဲဝင်ရောက်မှုများချိန်တွင် လက်လီ၊ လက်ကား အဝယ်ရှိကြပြီး လှောင်သမားများလည်း ဝယ်ယူသည်ဟုသိရသည်။
ပဲနီပြားသီးနှံဈေးမှာ ယခုနှစ် ဖေဖော်ဝါရီလတွင် တစ်တင်း လျှင် ကျပ် ၁၄၈၀ဝ၀-၁၅၀ဝ၀ဝ ဈေးရှိပြီး ယခင်နှစ် ဖေဖော်ဝါရီလ တွင်လည်း တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သဖြင့် ပဲနီပြားဈေးမှာ တည်ငြိမ်နေကြောင်း သိရသည်။ ပဲနီပြားမှာ နှစ်စဉ် ဈေးမြင့်တက်လာသော်လည်း ယခုနှစ်တွင် ဈေးငြိမ်နေရခြင်းမှ ပြည်တွင်း လက်လီပဲသမားများကသာ ဝယ်မှုရှိနေခြင်းကြောင်းဖြစ် သည်ဟု သိရသည်။
ပဲတီစိမ်း
ပြည်ပဲမျိုးစုံဈေးကွက်တွင် နှစ်ဆန်းပိုင်းကာလမှစ၍ ဆောင်းပဲ သစ်များ နေ့စဉ်ဝင်ရောက်ခဲ့ ကြပြီး မတ်ပဲ၊ ပဲစင်းငုံအထွက်လှိုင်ချိန်တွင် ပဲတီစိမ်းသီးနှံမှာ ပဲအဝင်ပါးသွားပြီဖြစ်သည့်အတွက် အိတ်အနည်း ငယ်သာ ရောင်းဝယ်မှုဖြစ်ခဲ့သည်။ ပြည်ခရိုင်၌ ပဲတီစိမ်း သီးနှံအား မိုးသီးနှံနှင့် ဆောင်းသီးနှံဟူ၍ နှစ်မျိုးစိုက်ပျိုးမှုရှိကြပြီး မိုးပဲတီ စိမ်း သီးနှံမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များတွင် ပဲ အရောင်းအဝယ်လည်း သွက်ခဲ့ပြီး ကျန်ကာလများတွင် အရောင်းအဝယ် အနည်းငယ်သာ ရှိခဲ့သည်။ ပဲတီစိမ်း ဈေးနှုန်းများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ရှိပြီး ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၄၀ဝ၀ ခန့် ဈေးလျော့သွား ခဲ့သည်။
နှမ်းမျိုးစုံ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံမှာ ဖေဖော်ဝါရီလအတွင်း ဆောင်းနှမ်းများဈေးကွက်သို့ ဝင် ရောက်လျက်ရှိသည်။ နှမ်းဈေးနှုန်းမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၃၀ဝ၀ နှင့် ယခင်နှစ်က အတိုင်း ဈေးငြိမ်နေပြီး စမုန်နက်နှမ်းတစ်တင်းလျှင် ကျပ် ၂၂၀ဝ၀ဝ နှင့်ယခင်နှစ်ထက် တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ဈေး ပိုရရှိကြောင်း သိရသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီ ပထမပတ်တွင် မတ်ပဲတစ်တင်း လျှင် ကျပ် ၉၆၀ဝ၀-၉၆၅၀ဝ ဖြင့် တစ်ရက်လျှင် အိတ် ၂၅၀- ၃၀ဝ ခန့် အဝယ်ရှိသည်။ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၉၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိသည်။ တတိယပတ် တွင် ကျပ် ၉၉၀ဝ၀- ၁၀ဝ၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိသည်။ စတုတ္ထ ပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၉၉၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။
ပဲစင်းငုံ
ဖေဖော်ဝါရီလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၉၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၅၀- ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၉၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ တတိယပတ်တွင် ကျပ် ၉၉၀ဝ၀- ၁၀ဝ၀ဝ၀ဖြင့် တစ်ရက်လျှင် အိတ် ၄၀ဝ ခန့်အဝယ်ရှိခဲ့သည်။ ဖေဖော် ဝါရီ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ ဖြင့် ရန်ကုန် အဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့်ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ ပထမပတ်တွင် ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀-၈၂၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် ၄၀ဝ ခန့်ရှိသည်။ ဒုတိယပတ်တွင် ကုလားပဲ ဈေးအေးနေပြီး ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀- ၈၂၅၀ဝ၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်တစ်ရက်လျှင် အိတ် ၃၀ဝခန့်ရှိသည်။ တတိယပတ်တွင် ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ - ၈၁၀ဝ၀၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ စတုတ္ထ ပတ်တွင် ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ မြကြေးမှုံ (သစ်) တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ မြကြေးမှုံ (ဟောင်း) တစ်တင်း လျှင် ကျပ် ၈၄၀ဝ၀ ဖြင့် မြို့တွင်းလှောင်သမားနှင့် ခွဲစက်သမားများ တစ်ရက်လျှင် အိတ် ၄၀ဝ ခန့် အဝယ်ရှိသည်။
ပဲကြီး
ဖေဖော်ဝါရီလ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀ဝ၊ ပဲကြီး (ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၄၀ဝ ခန့် အဝယ်ရှိ သည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀ဝ၊ ပဲကြီး (ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ ဖြင့် မြို့တွင်း ပဲကြော် သမားများ အဝယ်ရှိသည်။ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ် တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ၊ ကုန်းပဲတစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ - ၄၀ဝ ခန့် အဝယ်ရှိသည်။ စတုတ္ထပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ၊ ကုန်းပဲတစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိသည်။
ဗိုလ်ကိတ်ပဲ
ဖေဖော်ဝါရီလ ပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းလျှင် ကျပ် ၆၅၀ဝ၀-၇၂၀ဝ၀ ဖြင့် မြို့တွင်း အဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ - ၂၀ဝ ခန့် အဝယ်ရှိသည်။ ဒုတိယပတ်နှင့် တတိယပတ်တွင် ဈေးငြိမ်နေပြီး စတုတ္ထပတ်တွင် ကျပ် ၇၀ဝ၀ဝ သို့ ဈေးအနည်းငယ် ကျသွားခဲ့သည်။
စားတော်ပဲ
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စားတော်ပဲ(သစ်) များ ပန်းတောင်း၊ ကံမဘက်မှ အဝင်ရှိပြီး တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ တတိယပတ်နှင့် စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ဝ နှင့် မြို့တွင်းအဝယ် တစ်ရက်လျှင် ၄ - ၅ အိတ်ခန့် အဝယ်ရှိသည်။
ဝေဝေမင်း၊ မိမိအေး (DOCA Paya)
