Main menu

Background

ကျောက်ဆည်ခရိုင်အတွင်း (မိုးကြို)ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး

Mon, 06/08/2026 - 11:33 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊ မြစ်သားမြို့နယ်များတွင်  ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးချဉ်မျှင်ရှည်ဝါများ ပန်းတိုင် အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည် မြို့နယ်တွင် ၁၀၅ ဧက၊  စဥ့်ကိုင်မြို့နယ်တွင် လေးဧက၊  မြစ်သားမြို့နယ်တွင် ၂၁၇၅ ဧက အစောစိုက်ပျိုးထားရှိမှု စုစုပေါင်း စိုက်ပျိုးဧက ၂၂၈၄ စိုက်ပျိုးထားကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ သီးနှံများကို ကျောက်ဆည်မြို့ အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊ မှိုင်းပန်၊ ကလေး၊ ရှမ်းတောင်ဦး၊ ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများနှင့်  မြစ်သားမြို့နယ်တွင် ဒိုင်း၊ မြနဒီကျေးရွာများတွင်လည်း  အများဆုံးစိုက်ပျိုးကြကြောင်း၊  ဝါစိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကျကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ်၂-၃ထုပ်အထိ ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် ကျပ် ၆၄၀ဝ၀-၆၉၀ဝ၀ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၆၀ဝ၀ဝ၀  ခန့်  ကုန်ကျပြီး တစ်ဧကအထွက်နှုန်းအနေဖြင့်   ပိဿာ ၄၀ဝ-၅၀ဝ ပိဿာခန့် ထွက်ရှိကြောင်း  သိရသည်။                                                                                                                    ယခင် ၂၀၂၅ ခုနှစ်  မေလဆန်းပိုင်း ထွက်ပေါ်ချိန်တွင် ဝါဈေးနှုန်းအနေ ဖြင့် ဝါတစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀၊ ဂွမ်း တစ်ပိဿာလျှင် ကျပ် ၉၅၀ဝ- ၉၈၀ဝ၊  အရည်အသွေးကောင်းမွန်သော ဝါအသန့်  တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ၊ ဂွမ်းအကောင်း တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး   စိုက်ပျိုးစရိတ်နှုတ်ပြီး ကျပ် ၁၀ သိန်းခန့်မြတ်ကြောင်း သိရသည်။
ယခုနှစ် မေလစတုတ္တပတ်တွင်  လက်ရှိပေါက်ဈေးအနေဖြင့် ဝါတစ်ပိဿာလျှင်  ကျပ် ၄၈၀ဝ-၅၀ဝ၀၊   ဂွမ်းတစ်ပိဿာလျှင်  ကျပ် ၉၈၀ဝ-၉၉၀ဝ၊ အရည်အသွေးကောင်းမွန်သော  ဝါအသန့် တစ်ပိဿာလျှင် ကျပ် ၅၁၀ဝ၊ ဂွမ်းအကောင်း တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဈေးနှုန်းများဖြင့်   ရောင်းဝယ်လျက်ရှိသည်။ ဝါထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့   တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့်   မန္တလေးစက်မှုဇုန်၊    ရက်ကန်းစက်ရုံ၊  ချည်မျှင်စက်ရုံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း  ဝါထွက်ပေါ်ချိန်တွင် လည်း ဈေးနှုန်းများ ကောင်းမွန်ပါက   တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်သဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရသည်။

မော်မော်အောင် (MDY  doca)