Main menu

Background

ကော်ဖီဆန်အစိမ်းများ အမေရိကန်သို့ တင်ပို့ရောင်းချမည်

Thu, 06/11/2026 - 11:19 -- journal_editor

Green Gold ကော်ဖီ   စိုက်ပျိုးထုတ်လုပ်ရေးနှင့်  အထွေထွေလုပ်ငန်း သမဝါယမအသင်းက အမေရိကန်နိုင်ငံသို့  ကော်ဖီဆန်အစိမ်းများ တင်ပို့ရောင်းချနိုင်ရေး လျာထားဆောင်ရွက်နေကြောင်း သိရသည်။
Green Gold ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းအနေဖြင့် အမေရိကန်နိုင်ငံထံသို့ ကော်ဖီဆန်အစိမ်းများကို ယခုနှစ်အတွင်း ကနဦးအနေဖြင့် တစ်အိတ်လျှင် ၆၀ ကီလိုဂရမ်ရှိသည့် အိတ် ၆၀ ခန့်တင်ပို့ရန် လျာထားလျက်ရှိသည်။
Green Gold ကော်ဖီကို ဘိန်းအစားထိုးသီးနှံအဖြစ် လွိုင်လင်မြို့နယ်နှင့် ဟိုပုံး မြို့နယ်များတွင် ဧက ၁၆၀ဝ၀ စိုက်ပျိုးထားရှိကြောင်း သိရပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြင်သစ်နှင့် ဘယ်လ်ဂျီယံအပါအဝင် ပြည်ပနိုင်ငံများဆီသို့ နှစ်စဉ်တင်ပို့လျက်ရှိ သည်။ 
ပြီးခဲ့သည့် မေလအတွင်းကလည်း ပြင်သစ်နိုင်ငံအခြေစိုက် ကုမ္ပဏီထံသို့ စုစုပေါင်း တန်ချိန် ၃၄ ဒသမ ဝ၈ တန်ကို နှစ်ကြိမ်ခွဲ၍ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

ကိုတိုး