Main menu

Background

ပြည်ပသို့ ဒေါ်လာနှစ်သိန်းကျော်တန်ဖိုးရှိ ပျားရည်တန်ချိန် ၁၆၂ တန် တင်ပို့ထား

Tue, 07/14/2026 - 10:45 -- journal_editor

ပြည်ပနိုင်ငံများသို့ ယခု ဘဏ္ဍာနှစ် ဧပြီလမှ မေလထိ နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်တန်ဖိုးရှိ ပျားရည်တန်ချိန် ၁၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ 
ယင်းသို့ တင်ပို့ရာတွင် ဧပြီနှင့်မေလနှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ၁၆၂ ဒသမ ၈ တန်အထိ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၄၀ဝ၀ ခန့် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပျားရည် တင်ပို့မှုအနေဖြင့် ဂျပန်နိုင်ငံသို့အများဆုံးတင် ပို့လျက်ရှိပြီး တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ များသို့ တင်ပို့ထားကြောင်း သိရသည်။
ပြည်တွင်းတွင် နှမ်းပျားရည်၊ ဆီးပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်တို့ကို စီးပွားဖြစ်ထုတ်လုပ်ကြပြီး ပြည်တွင်းတွင် အသုံးပြုမှုများသလို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။                                  

    ကိုတိုး