စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန်ရှိLightion Myanmar Co., Ltd. ၏ အီလက်ထရွန်နစ်ပစ္စည်းများ၊ စပီကာများ၊ ဆားကစ်ဘုတ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိလာရာ စက်ရုံတာဝန်ရှိသူတစ်ဦး က အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်ပြီး အမေရိကန်၊ တရုတ်၊ ဥရောပ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုများအား ရှင်းလင်းတင်ပြပြီး စက်ရုံလုပ်ငန်းခွင်အတွင်း အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်တပ်ဆင်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေး လက်ရှိပြည်ပ ဈေးကွက်ရရှိပြီး အခြားနိုင်ငံ ဈေးကွက်သစ်များ ရှာဖွေနိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်တို့အား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်Guston Amava Co., Ltd . ၏ CMP စနစ်ဖြင့် ပြည်ပပို့ကုန် အထည်ချုပ်စက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူတစ်ဦးက ရှင်းလင်းဆောင်တွင်ချုပ်ပြီး အထည်များအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်မှုတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်အထည်များ ချုပ်လုပ်နေမှုတို့အား ကြည့်ရှုကာ စက်များအရည်အသွေးပြည့်မီစွာဖြင့် စက်စွမ်းအားပြည့်လည်ပတ်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ရေးတို့အား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်Showa Glove Myanmar Co., Ltd. ၏ လက်အိတ် အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိပြီး ပြည်ပ သို့တင်ပို့ရန် လက်အိတ်များ ချုပ်လုပ်နေမှုအဆင့်ဆင့် အား ကြည့်ရှုစစ်ဆေးကာ လက်အိတ်များအား တိုးမြှင့် ထုတ်လုပ်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့ရန်၊ ပြည်ပဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိရေး ဆောင်ရွက်ရန်တို့အား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်Koyorad Co., Ltd ၏ ကားရေတိုင်ကီနှင့် ဆက်စပ် အစိတ်အပိုင်းများ ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိ ပြီး ကားရေတိုင်ကီနှင့် ဆက်စပ်အစိတ်အပိုင်း ထုတ် လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ ပြည်ပသို့ တိုး မြှင့်တင်ပို့ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
MOC(IR)
