စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိတ္ထီလာမြို့နယ်များရှိ ကျေးရွာများနှင့် သာစည်မြို့နယ်များမှ မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန် ၈၂ တန်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း ဇူလိုင်လစတုတ္ထပတ်တွင် ပွဲရုံများ၌ ကြက်သွန်နီလက်ကား တစ်ပိသာလျှင်ကျပ် ၅၀ဝ၀ ဖြင့် လက်လီကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၂၀ဝ-၅၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီလက်ကား တစ်ပိဿာလျှင် ကျပ် ၅၀ဝ၊ လက်လီ တစ် ပိဿာလျှင် ကျပ်၇၀ဝ-၈၀ဝ ခန့် မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်လာရခြင်းမှာ တရုတ်၊ ဗီယက်နမ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုများလာခြင်း၊ ဈေးကွက်လက်ကျန်နည်းလာခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
ဈေးကွက်အနေဖြင့် ကြက်သွန်နီကို ဒေသတွင်းရှိတန်ဖိုးမြင့်ထုတ်ကုန် ကြက်သွန်ကြော်လုပ်ငန်းများတွင် အသုံးပြုမှုအပြင် ပြည်တွင်းရှိ ရန်ကုန်၊ ပဲခူး၊ တာချီလိတ်၊ မိုင်းလား၊ တောင်ကြီး၊ မော်လမြိုင်မြို့များသို့ ကုန်သည်လက်ကျန်နှင့် တစ်ပတ်လျှင် ကုန်ချိန် ၁၈၅ တန်ခန့်တင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လက်သို့ နယ်စပ်လမ်း ကြောင်းအနေဖြင့် တာချီလိတ်၊ မိုင်းလားတို့မှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေကြောင်း ကြက်သွန်နီပွဲရုံများမှသိရသည်။
မြို့ရီ(DOCA၊မိတ္ထီလာ)
