ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမသုံးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၂၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန်မက်ထရစ်တန် ၂၁၀ဝ ဒသမ ၇၇၉ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁ သန်း ရရှိခဲ့သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှလည်း မက် ထရစ်တန် ၅၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၁၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ပုစွန်တင်ပို့မှုစုစုပေါင်းမှာ မက်ထရစ် တန် ၂၁၅၇ ဒသမ ၁၉၉ တန်ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပုစွန်၊ ငါးနှင့် အခြားရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
ကိုတိုး
