Main menu

Background

ထိုင်းနိုင်ငံ တောင်ပိုင်းထွက် ဒူးရင်းသီးတန်ချိန် သုံးသိန်း ရောင်းချရန် စီစဉ်

Thu, 08/13/2026 - 14:37 -- journal_editor

အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာများကြောင့် တရုတ်နိုင်ငံသို့တင်ပို့မှုလျော့ကျသွားပြီးနောက် ဖြစ်ပေါ်လာသည့် ရောင်းလိုအား လွန်ကဲမှု (oversupply) စိုးရိမ်ရမှုများကြားတွင် ထိုင်းနိုင်ငံသည် တောင်ပိုင်းထွက်ဒူးရင်းသီး မက်ထရစ်တန်ချိန် ၃၀ဝ၀ဝ၀ ကို စားသုံးမှုနှင့် ဖြန့်ဖြူးမှုပိုမိုအားကောင်းစေရန် ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်Wittayakorn Maneenetrက   ယခုနှစ်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဒူးရင်းသီး ထွက်ရှိမှုသည် ယခင်ရာသီထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၇၅၂၅၁၅ အထိ ရှိလာမည် ဟု ခန့်မှန်းထားကြောင်းပြောကြားခဲ့သည်။ ထွက်ရှိသမျှ၏ ၃၅ ရာခိုင်နှုန်းခန့် မှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီးဖြစ်၍ တန်ချိန် ၄၈၉၁၉၉ ခန့် ရောင်းချရန် ကျန်ရှိနေသေးသည်။
ရာသီအစပိုင်းတွင် ဈေးနှုန်းများ  ကျဆင်းရခြင်းမှာ မမှည့်သေးသည့် ဒူးရင်းသီးများ၏ အရည်အသွေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံက မှာယူမှုများကို ခေတ္တဆိုင်း ငံ့ထားခြင်း၊ ပြည်ပမှ ယှဉ်ပြိုင်ရောင်းချသူများ ပိုမိုများပြားလာ ခြင်းနှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသ များမှလည်း ဒူးရင်းသီးများ ထွက်ရှိလာခြင်းတို့ကြောင့်ဖြစ်သည်ဟု သူက စာရင်းဇယားများနှင့်တကွ ထောက်ပြခဲ့သည်။
ရာသီအစပိုင်းတွင် စိန်ခေါ်မှုများရှိခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စုစုပေါင်း ဒူးရင်းသီးတင်ပို့မှုမှာ အားကောင်းနေဆဲဖြစ်သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်နေ့အထိ ထိုင်းနိုင်ငံသည် သင်္ဘောတင်ပို့မှုအကြိမ်ရေ ၅၅၈၃၁ ကြိမ်ဖြင့် ဒူးရင်းသီးတန်ချိန် ၉၀၈၀၄၇ ဒသမ ၄၆ တင်ပို့နိုင်ခဲ့ပြီး ဘတ် ငွေ ၁၀၄ ဒသမ ၁၉ ဘီလီယံကျော် ရရှိခဲ့သည်။

ကျော်မြင့်ဦး (DOCAရန်ကုန်)

Source : VN Express